ဧပြီ ၂၈၊ ၂၀၂၂ ။
မကွေးတိုင်းဒေသကြီး၊ ယောဒေသပြည်သူ့ကာကွယ်ရေးတပ် YDF က ရေချိုးထွက်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို စောင့်ကြိုတိုက်ခိုက်ခဲ့သည်ဟု သတင်းထုတ်ပြန်ထားသည်။
ယမန်နေ့ ဧပြီလ၂၇ ရက် ညနေ ၅ နာရီအချိန်ခန့်၌ ပုံညာတွင်စခန်းချနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရှုခင်းသာရေရှင်ဘက်ကို ရေချိုးထွက်လာရာ YDF တပ်ရင်း ၁၃ တပ်ခွဲမှ စောင့်ကြိုတိုက်ခိုက်ခဲ့သည်။
အဆိုပါတိုက်ခိုက်မှုကြောင့် ရေချိုးထွက်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးအနက် ၆ ဦးသေဆုံးခဲ့ပြီး ၂ ဦးမှာ ဒဏ်ရာများဖြင့်ထွက်ပြေး လွတ်မြောက်သွားခဲ့သည်။
ထိုစစ်ဆင်ရေး၌ ယောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှာ ထိခိုက်မှုမရှိဘဲ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့သည်ဟု သိရသည်။
သံလွင်ခက် - Than Lwin Khet News
ရေချိုးထွက်လာသော စစ်ကောင်စီတပ်သားများကို စောင့်ကြိုတိုက်ခိုက်ရာ ၆ ဦးသေဆုံး
Reviewed by THITHTOOLWIN
on
19:18
Rating:
No comments:
Post a Comment