ပခုက္ကူမြို့နယ်၊ မြစ်ဖျားရွာကို စစ်အုပ်စုမီးရှို့ဖျက်ဆီး၊ ရွာသား တဦးသေဆုံး


ပခုက္ကူ၊ ဧပြီ ၉၊ ၂၀၂၂။ 

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ဖျားရွာကို ဧပြီ ၈ ရက် မနေ့က နေ့လည်ပိုင်းကစပြီး စစ်ကောင်စီတပ်တွေက ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ 

အဲ့ဒီတပ်တွေဟာ အင်အားအလုံးအရင်းနဲ့ နေ့လည် ၂ နာရီလောက်ကတည်းက ရွာထဲကိုဝင်ရောက်လာကာ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့လည်း ပစ်ခတ်တာတွေရှိသလို အဲ့ဒီအချိန်အတွင်း ရွာသားတဦးလည်း သေဆုံးခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။ 

“သူတို့စရောက်တာက ၂ နာရီကျော်ကျော်လောက်က စရောက်တာ၊ ဆိပ်ဖြူမြိုနယ်ဘက်ကနေ့ ပခုက္ကူမြိုနယ်ထဲကို စစ်ကြောင်းထိုးလာတာ၊ မီးစရှို့တာကတော့ ၃ နာရီဝန်းကျင်လောက်မှာ စရှို့တာ၊ “ လို့ သူကပြောပါတယ်။ 

သေဆုံးသူဟာ အသက် ၂၆ နှစ်အရွယ် ကိုကျော်စွာဦးဖြစ်ပြီး၊ ဘာကြောင့်သေဆုံးခဲ့လဲဆိုတာကိုတော့ အတိအကျမသိရသေးပါဘူး။ မြစ်ဖျားရွာမှာ အိမ်ခြေ ၄၃၀ ရှိတဲ့အနက် ၈၆ အိမ် မီးလောင်ဆုံးရှုံးသွားခဲ့ပြီး၊ ရွာသား ၂ ထောင်ကျော်မှာလည်း အများစုကဘေးလွတ်ရာကို ထွက်ပြေးနေကြရပါတယ်။ 

စစ်ကောင်စီတပ်တွေဟာ ပြီးခဲ့တဲ့ ဧပြီ ၇ ရက်က စတင်ပြီး၊ ပခုက္ကူ၊ ဆိပ်ဖြူ၊ ပေါက် စတဲ့ မြို့နယ် ၃ မြို့နယ်ဆုံတဲ့ နယ်စပ်ဒေသကျေးရွာတွေကို လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်တာတွေနဲ့ မြေပြင် စစ်ကြောင်းထိုး ဝင်ရောက်တာတွေရှိခဲ့ပြီး၊ စုစုပေါင်း နေအိမ် ၈၀ ကျော်မီးလောင်ဆုံးရှံးခဲ့ရသလို သေဆုံးသူ ၄ ဦးနဲ့ ဒဏ်ရာရသူ တွေလည်းရှိခဲ့ပါတယ်။ 

စစ်ဘေးရှောင်ဒေသခံတွေအတွက် လက်ရှိအချိန်မှာ ဆေးဝါးရိက္ခာတွေလိုအပ်နေတာကြောင့် ပြည်သူတွေနဲ့ အခြားပြင်ပအဖွဲ့အစည်းတွေရဲ့ အကူအညီကိုလည်းလိုအပ်နေတယ်လို့ ပခုက္ကူလူထုတိုက်ပွဲကော်မတီက သတင်းထုတ်ပြန်ထားပါတယ်။


မြေလတ်အသံ - Myaelatt Athan 

ပခုက္ကူမြို့နယ်၊ မြစ်ဖျားရွာကို စစ်အုပ်စုမီးရှို့ဖျက်ဆီး၊ ရွာသား တဦးသေဆုံး ပခုက္ကူမြို့နယ်၊ မြစ်ဖျားရွာကို စစ်အုပ်စုမီးရှို့ဖျက်ဆီး၊ ရွာသား တဦးသေဆုံး Reviewed by THITHTOOLWIN on 22:21 Rating: 5

No comments:

Powered by Blogger.