မင်းကင်းမြို့နယ်တွင် စကစတပ်နှင့် ပျူစောထီးများ မိုင်းဆွဲတိုက်ခိုက်ခံရ၍ နေရာတွင် (၁၃) ဦးသေဆုံးပြီး အများအပြား ခြေပြတ်လက်ပြတ်ဖြစ်
ဧပြီ ၂၆
စစ်ကိုင်းတိုင်း၊ ကလေးမြို့ ဒကစမှဆင်းလာသော စကစကား (၃) စီးအား ယမန်နေ့ နံနက် ၁၁ နာရီခွဲအချိန်ခန့်က မင်းကင်းမြို့မှ စကစနှက့် ပျူအင်အား (၇၀) ခန့်တို့မှ အကြိုသွားကြရာ မင်းကင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း(၂)၊ တပ်ခွဲ (၁) မှ ဗျူဟာအရ ကြိုတင်ပြင်ဆင်ထားသော တိုက်မိုင်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထို့နောက် " စကစကားတန်းအား အကြိုသွားသော စကစနှင့် ပျူအုပ်စုတို့ သင်္ဘော- ကမ်းပြည့် (ကဗျစ်) အရောက်တွင် MKPDF-2 ၊ တပ်ခွဲ (၁)မှ တိုက်မိုင်း၊ ပဒေသာမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ နေရာတွင်ပင် စကစနှင့် ပျူ (၁၃) ဦးကြွသွားခဲ့ပြီး ကမ်းပြည့် (ကဗျစ်) ရွာ ဇရပ်ပေါ်တွင် ပိုးလိုးပက်လက်တင်ထားခဲ့ကြောင်း " မင်းကင်း PDF ကထုတ်ပြန်သည်။
ယင်းနောက်တွင် စစ်ကောင်စီတပ်များသည် နောက်ထပ်ထိခိုက်ပြီး ခြေပြတ်လက်ပြတ်ဖြစ်သွားသည့် စကစနှင့် ပျူအုပ်စုအား မင်းကင်းမြို့ အမှတ် (၁) ရပ်ကွက် ဘိုးဘွားရိပ်သာတောင်ပေါ်သို့ ခေါ်ဆောင်သွားကြကြောင်း သိရသည်။
အဆိုပါထိတွေ့မှုတိုက်ပွဲတွင် ပြည်သူ့တပ်သားများမှ ထိခိုက်မှုမရှိကြောင်း တပ်ရင်း (၂) ၊ တာ၀န်ရှိသူကပြောကြားခဲ့ကြောင်း သိရသည်။
၎င်းနောက်ထပ်မံသိရသည့် သတင်းတခုမှာ မင်းကင်းမြို့နယ် မြစ်ရိုးအောက်ဒေသ သံပေါက်ကျေးရွာကို မြစ်ရိုးအောက်အခြေစိုက်ထိုင်နေသည့် စကစအုပ်စုမှ တဲတလုံးအား မီးရှို့ခဲ့ပြီး တဘက်ကမ်းသို့ကူးသွားခဲ့ကြောင်းသိရသည်။
တဲတလုံးသာမီးလောင်နေသည်ကို မကျေနပ်သော ပျူများမှာ သံပေါက်ဘက်ကမ်းသို့ ပြန်လည် ကူးလာခဲ့ပြီး ရွာလုံးကျွတ်မီးရှို့နေကြောင်းနှင့် သံပေါက် ရွာတ၀က်ခန့်မီးလောင်ကျွမ်းသွားပြီဟု ရှောင်တိမ်းနေသာ ဒေသခံတဦးက ပြောကြားကြောင်း သိရသည်။
PDF Newsflash
No comments:
Post a Comment