မုံရွာ ၊ ဧပြီ ၂၀ ၊ ၂၀၂၂။
မုံရွာဘက်မှထွက်လာသော Jumper ကားတစီး၊ တပ်သားများပါကားတစ်စီး၊ သံချပ်ကားတစ်စီး တို့အား မုံရွာ-မန္တလေးအမြန်လမ်းပိုင်း၊ ချောင်းဦးနယ်တွင် အဆင့်မြှင့်ထားသောရှေ့ထွက်မိုင်း ၁၂ လုံးဖြင့်ဖောက်ခွဲ့ခဲ့ခြင်းဖြစ်သည်။
ဧပြီလ ၁၉ ရက်နေ့၊ နံနက် ၆ နာရီခန့်က PDF ၄ ဖွဲ့ပူးပေါင်း၍ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း မြောင်မြို့နယ် T.G.R ပြည်သူ့ကာကွယ်ရေးတပ် ဗိုလ်တိုက်ဂါးက မြေလတ်အသံကိုပြောသည်။
"သတင်းရလို့မနက်အစောကြီးစောင့်နေတာ အဲဒီလမ်းမှာကကျနော်တို့က ၂၄ နာရီအပြည့်စောင့်နေတာ၊ ပထမဦးဆုံးသူတို့ကားက ၃ စီးနဲ့လာတယ်၊ ခြေလျင်လည်းလျှောက်လာတယ်၊ သံချပ်ကာယာဉ်ကား ၁ စီး Jumper ကား ၁ စီး လာတာ၊ ကျနော်တို့ ထောင်ထားတဲ့မိုင်းကွင်းထဲကို ဝင်လာတယ်၊ ကျနော်တို့က နှစ်ပွိုင့်ထောင်ထားတာ၊ သူတို့ကတွေ့သွားပြီးတဖက်ပွိုင့်ကြိုးကိုဆွဲထားတယ်၊ ကျနော်တို့ကအသေချာကြိုးကိုဆွဲပြီး ဖောက်ခွဲတာပေါ့၊ သူတို့က နောက်ကနေသံချပ်ကာယာဉ်နဲ့လိုက်ပစ်တယ်၊ သူတို့က စစ်ကောင်စီလမ်းကြောင်းရှိလို့ လာတာ၊ မိုင်းရှင်းဖို့လာတာ၊ မျက်မြင်သက်သေပြောချက်အရ စစ်ကောင်စီဘက်က ၁၆ ယောက်သေတယ်၊ Jumper ကားတစီးပျက်ဆီးတယ်ပေါ့" ဟု ဗိုလ်တိုက်ဂါးကပြောသည်။
ဖောက်ခွဲတိုက်ခိုက်မှုကို 11Brothers Revolution Forces(Myaung)၊ မြောင်မြို့နယ် T.G.R ပြည်သူ့ကာကွယ်ရေးတပ်၊ ဗိုလ်နေတိုးအထူးပျောက်ကြားတပ် (B.N.T.F)၊ Burmese Guerrilla Force-B.G.F(Myingyan) တို့ ကပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်းသိရသည်။
မြေလတ်အသံ - Myaelatt Athan
No comments:
Post a Comment