ဓာတ်ပုံ- ပြီးခဲ့သည့်လအတွင်းက ရန်ကုန်မြို့တော်ခန်းမရှေ့ ဆောက်လုပ်နေသည့် ဗဟိုမဏ္ဍပ် |
ရန်ကုန်၊ဧပြီ-၅
ရန်ကုန်တွင် ပုဂ္ဂလိက သင်္ကြန်မဏ္ဍပ်ဆောက်လုပ်ခွင့်ကို စစ်ကောင်စီက လျှောက်ထားခွင့်ပြုထားသော်လည်း လျှောက်ထားသူမရှိကြောင်း မဏ္ဍပ်ကန်ထရိုက်လုပ်ကိုင်ခဲ့ဖူးသူတချို့ကပြောသည်။
စစ်ကောင်စီသည် င်္သကြန်စည်ကားမှုများ ပြသလို၍ မြို့တော်ခန်းမရှေ့၌ ဗဟို မဏ္ဍပ် ဆောက်လုပ်နေသကဲ့သို့ ပုဂ္ဂလိကမဏ္ဍပ်များ ဆောက်လုပ်ရန် ဖိတ်ခေါ်ထားကြောင်းသိရသည်။
"အရင်မဏ္ဍပ်ဆောက်ဖူးတဲ့သူတွေကို စည်းရုံးဖိတ်ခေါ်တာတွေ ရှိတယ်။ အခုလိုကာလမျိုးမှာ ဘယ်သူမှ အရဲစွန့် မလုပ်ရဲဘူး"ဟု ပြည်လမ်းမတွင် ယခင်နှစ်များက သင်္ကြန်မဏ္ဍပ်ဆောက်လုပ်ခဲ့ရသည့် ကန်ထရိုက်တစ်ဦးက လူငယ့်ခေတ်သို့ ပြောသည် ။
ရန်ကုန်မြို့တွင် ကိုဗစ်ကပ်ရောဂါမတိုင်ခင်က ပုဂ္ဂလိက မဏ္ဍပ်အကြီး၊အလတ် ၁၀၀ ကျော်ဆောက်လုပ်ခွင့်ပြုကာ သင်္ကြန်ပွဲတော်ကို ကျင်းပလေ့ရှိသော်လည်း ၂၀၂၀ ကိုဗစ်စတင်ဖြစ်ပွားသည့်နှစ်ကစ၍ သင်္ကြန်မဏ္ဍပ် ဆောက်လုပ် ခြင်း၊ င်္သကြန်ပွဲတော်ပြုလုပ်ခြင်း တို့ကို ရပ်ဆိုင်းထားစေခြင်းဖြစ်သည်။
လက်ရှိအချိန်တွင် နိူင်ငံရေးတည်ငြိမ်မှု မရှိသည့်အပြင် ကိုဗစ်ကပ်ရောဂါ ကူးစက်ပြန့်ပွါးမှုများ ရှိနေဆဲကာလ ဖြစ်သော်လည်း စစ်ကောင်စီက သင်္ကြန်ပွဲတော် စည်ကားအောင် အမျိုးမျိုးကြံစည်နေကြောင်း ရန်ကုန်မြို့ခံတချို့ ကပြောသည်။
ယခုနှစ်တွင်စစ်ကောင်စီက မြို့တော်ခန်းမရှေ့ ဗဟိုမဏ္ဍပ်တစ်ခုသာ ဆောက်လုပ်နေပြီး မြို့နယ်အလိုက် မဏ္ဍပ်ဆောက်လုပ်ကာ ရေကစားရန် စည်းရုံးအမိန့်ထုတ်ထားကြောင်း သတင်းအရင်းအမြစ်အချို့ထံမှသိရသည်။
Lu Nge Khit
No comments:
Post a Comment