ရွှေပြည်သာမြို့နယ်က ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရပြီး ၂ ဦးဒဏ်ရာရ


ဧပြီလ ၁၈ ရက်

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်တွင် ဧပြီလ ၁၇ ရက်နေ့က ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး လက်ပစ်ဗုံးနဲ့အပစ်ခံရလို့ အုပ်ချုပ်ရေးမှူးအပါဝင် ၂ ဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

(ဏ/ ၁၄) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ညနေ ၄ နာရီ ၄၅ မိနစ်လောက်မှာ  Wolves တပ်ဖွဲ့က  ဗုံးပစ်တိုက်ခိုက်ခဲ့တာလို့ အဖွဲ့ဝင်တဦးက ပြောပါတယ်။

"အဲ့အုပ်ချုပ်ရေးမှူးက စစ်ကောင်စီကိုငွေရှာပေးနေတဲ့သူဗျ၊သင်္ကြန်ရက်ကတည်းက လုပ်ဖို့ ရုံးထဲမှာမဆိုင်တဲ့သူတွေရှိနေလို့ စောင့်လိုက်ရတာ'' လို့ ပြောပါတယ်။

ဗုံးပေါက်ကွဲမှုကြောင့် အုပ်ချုပ်ရေးမှူး ဦးလင်းအောင်ဆိုသူအပါဝင် တပည့်နှစ်ဦးဒဏ်ရာရရှိသွားတယ်လို့ ဆိုပါတယ်။

ဗုံးပေါက်ကွဲပြီးနောက်ပိုင်း စစ်ကောင်စီတပ်သားတွေက ရပ်ကွက်အတွင်း ပိတ်ဆို့ရှာဖွေတာတွေပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။


Ayeyarwaddy Times 

ရွှေပြည်သာမြို့နယ်က ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရပြီး ၂ ဦးဒဏ်ရာရ ရွှေပြည်သာမြို့နယ်က ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရပြီး ၂ ဦးဒဏ်ရာရ Reviewed by THITHTOOLWIN on 21:45 Rating: 5

No comments:

Powered by Blogger.