ဗန်းမောက်မြို့ စကစ စစ်ဆေးရေးဂိတ်ကို စီးနင်းတိုက်ခိုက်၊ စကစ သုံးဦးသေပြီး သေနတ် သုံးလက် သိမ်းပိုက်ရရှိ
ဧပြီ - ၂၆
စစ်ကိုင်းတိုင်း ဗန်းမောက်မြို့အဝင် စစ်ဆေးရေးဂိတ်ကို ဒီကနေ့ နေ့လယ်ပိုင်းအချိန် အင်းတော် PDF က စီးနင်းတိုက်ခို်ကခဲ့ရာ စကစ သုံးဦးသေပြီး သေနတ် သုံးလိုက် သိမ်းပိုက်ရရှိတယ်လို့ အင်းတော် တော်လှန်ရေးအဖွဲ့ - အင်းတော် IR က သတင်းထုတ်ပြန်ပါတယ်။
ဒီကနေ့ ဧပြီ(၂၆)ရက် နေ့လယ်(၂)နာရီက ဗန်းမောက်မြို့ စစ်ဆေးရေးဂိတ်ကို အင်းတော်မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ - အင်းတော် PDF က ဝင်ရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး စစ်ကောင်စီ လက်အောက်ခံ ရဲနှစ်ဦးနှင့် မီးသတ်တစ်ဦး သေကာ သေနတ်အရှည် နှစ်လက်နှင့် အတိုတစ်လက် သိမ်းပိုက်ရရှိတယ်လို့ ဆိုပါတယ်။
“ ရဲနှစ်ယောက်၊ မီးသတ်တစ်ယောက် သေဆုံး၊ အများအပြား ဒဏ်ရရပြီး G-3 နှစ်လက်၊ ခြောက်လုံးပြုး တစ်လက်၊ လက်ပစ်ဗုံး နှစ်လုံး၊ G-3 ကျည် (၇၇)တောင့်၊ ခြောက်လုံးပြူး ကျည် ခြောက်တောင့်၊ အိုင်ကွန်စကားပြောစက် တစ်လုံး၊ ဖုန်းတစ်လုံး၊ လက်ထိပ်တစ်ခု သိမ်းဆည်းရရှိခဲ့တယ်” လို့ အင်းတော် IR အဖွဲ့က ဖော်ပြပါတယ်။
အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရတဲ့အတွက် သိမ်းဆည်းရမိတဲ့ လက်နက်ပုံတွေနှင့် စကစ သေဆုံးအလောင်းပုံတွေကို နောက်ဆက်တွဲအနေနဲ့ ဆက်လက်ထုတ်ပြန်မယ်လို့ ဆိုပါတယ်။
စစ်အုပ်စုဟာ ဗန်းမောက်မြို့နယ် အပါအဝင် ကသာခရိုင်နှင့် စစ်ကိုင်းတိုင်း အတွင်းက မြို့နယ် အများအပြားကို အင်တာနက်နှင့် ဖုန်းလိုင်းတွေ ဖြတ်တောက်ထားပြီး ကျေးရွာတွေကို အကြမ်းဖက် စီးနင်းကာ လူသတ်၊ ဓားပြတိုက်လုယက်၊ နေအိမ်မီးရှို့၊ ဖမ်းဆီးငွေညှစ်တာတွေ ထင်တိုင်းကျဲ ကျူးလွန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
Mandalay Free Press - MFP
No comments:
Post a Comment