သတင်းပေါက်ကြားမှုများအား စိုးရိမ်ထိတ်လန့်နေသဖြင့် မပေါက်ကြားစေရန် စကစလက်အောက်ခံ ပြည်ထဲရေးဝန်ကြီး၏ ညွှန်ကြားသည့် လျှို့ဝှက်ကြေးနန်းစာ ထပ်မံပေါက်ကြား


တပ်တွင်းဖရဲသီး၏ သတင်းပေးချက်အရ ရုံးစာများ၊ အရေးကြီးသတင်းများ၊ ထူးခြားဖြစ်စဉ်များမှာ လူမှုကွန်ယက်စာမျက်နှာများပေါ်တွင် ပေါက်ကြားလျက်ရှိနေရာ စစ်ကောင်စီလက်အောက်ခံ ပြည်ထဲရေးဝန်ကြီးမှ သတင်းပေါက်ကြားမှုများအား စိုးရိမ်ထိတ်လန့်နေသဖြင့် တိုင်း/ပြည်နယ်ရဲတပ်ဖွဲ့မှူးများအား ထူးခြားဖြစ်စဉ်နှင့် အရေးကြီးသတင်းများပေးပို့ရာတွင် ပြည်ထဲရေးဝန်ကြီး၏ဖုန်းနံပါတ်သို့လည်းကောင်း၊ ၎င်း၏ PSO ဖုန်းနံပါတ်သို့လည်းကောင်း တိုက်ရိုက်ဖုန်းဆက်ကြရန်ညွှန်ကြားသည့် လျှို့ဝှက်ကြေးနန်းစာ ထပ်မံပေါက်ကြားလျက်ရှိပါသည်။

ကြေးနန်းစာတွင် ပြည်နယ်/တိုင်း ရဲတပ်ဖွဲ့မှူးများမှ ထူးခြားဖြစ်စဉ်များ တင်ပြရာတွင် ပြည်ထဲရေးဝန်ကြီးထံသို့ တိုက်ရိုက်သော်လည်းကောင်း၊ PSO ထံသို့လည်းကောင်း ဖုန်းဖြင့်ကနဦးတင်ပြသွားရန်နှင့် ရုံးစာများ၊ ညွှန်ကြားစာများ ပေါက်ကြားမှုမရှိစေရေး တာဝန်ရှိသူအဆင့်ဆင့်မှ ကြပ်မတ်ကွပ်ကဲဆောင်ရွက်သွားကြရန် ညွှန်ကြားထားသည်။


Myanmar Police CDM Channel - MPCC


သတင်းပေါက်ကြားမှုများအား စိုးရိမ်ထိတ်လန့်နေသဖြင့် မပေါက်ကြားစေရန် စကစလက်အောက်ခံ ပြည်ထဲရေးဝန်ကြီး၏ ညွှန်ကြားသည့် လျှို့ဝှက်ကြေးနန်းစာ ထပ်မံပေါက်ကြား သတင်းပေါက်ကြားမှုများအား စိုးရိမ်ထိတ်လန့်နေသဖြင့် မပေါက်ကြားစေရန် စကစလက်အောက်ခံ ပြည်ထဲရေးဝန်ကြီး၏ ညွှန်ကြားသည့် လျှို့ဝှက်ကြေးနန်းစာ ထပ်မံပေါက်ကြား Reviewed by THITHTOOLWIN on 19:33 Rating: 5

No comments:

Powered by Blogger.