ဧပြီ ၁၁
ဟုမ္မလင်းမြို့နယ်နှင့် ဖောင်းပြင်မြို့နယ်အစပ်ရှိ လွင်ကြီးရွာအနီးတစ်ဝိုက်တွင် ဧပြီလ ၈ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီနှင့် ပျူစောထီးအဖွဲ့များ ပူးပေါင်းစစ်ကြောင်းထိုးကြောင်း ကြားသိရ၍ HPDFမှ မိုင်းဆွဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ စစ်ကောင်စီနှင့် ပျူစောထီး (၅)ဦး သေဆုံးခဲ့ကြောင်း ဟုမ္မလင်း PDF ကထုတ်ပြန်သည်။
အလားတူ ယနေ့ မနက်ပိုင်းတွင်လည်း ဟုမ္မလင်းမြို့နယ်နှင့် ဖောင်းပြင်မြို့နယ်အစပ်ရှိ တောင်ကုန်းသာရွာအနီးတစ်ဝိုက်သို့ ခြေလျင်စစ်ကြောင်းထိုးသော စစ်ကောင်စီတပ်သားများအား HPDF မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ရာသီဥတုအခြေအနေကြောင့် မိုင်းမအောင်မြင်ခဲ့ကြောင်း သိရသည်။
သို့ဖြစ်၍ လက်လုပ်သေနတ်များဖြင့် ပစ်ခတ်ခဲ့ရာ စစ်ကောင်စီဘက်မှ လက်နက်ကြီးများဖြင့် ပြန်လည် ပစ်ခတ်ခဲ့သော်လည်း HPDF မှ ရဲဘော်များ အထိအခိုက်မရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီဘက်မှ အထိအခိုက် အကျအဆုံးကိုမူ မသိရှိရသေးကြောင်း ဟုမ္မလင်း PDF ကဆိုသည်။
ဟုမ္မလင်းမြို့နယ်တွင် ယနေ့အချိန်အထိ အင်တာနက်ဖြတ်တောက်ထားသော်လည်း စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးအတွက် လက်နက်ကိုင်တော်လှန်ရေးအား ဆက်လက်လုပ်ဆောင်နေလျက်ရှိကြောင်း ဟုမ္မလင်း PDF မှ ပြည်သူများသိရှိနိုင်ရန် သတင်းထုတ်ပြန်ထားသည်။
PDF Newsflash
No comments:
Post a Comment