မင်္ဂလာမူဆယ်အနီး ဗုံးပေါက်ကွဲမှုဖြစ်၊ လူထိခိုက်မှုရှိ


ဧပြီ ၁၅ရက် 

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ရှိ မင်္ဂလာမူဆယ်အနီးပတ်၀န်းကျင်တွင် ယမန်နေ့ (ဧပြီ ၁၄)ရက် သင်္ကြန်အကျနေ့ တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး လူထိခိုက်မှုရှိခဲ့ကြောင်း စုံစမ်းသိရသည်။ 

“ မနေ့က နေ့လည် မင်္ဂလာမူဆယ်မှာ ဗုံးပေါက်ကွဲမှုဖြစ်ခဲ့တယ်။ လူထိခိုက်မှု ၂ယောက်ရှိတယ်လို့ ပြောတယ်။ တယောက်ကတော့ ကျနော်တို့ စယ်လန့်က ကလေးပါ။လက်ထိတယ်။ နောက်တယောက်ကတော့ ခြေထောက်ထိတယ် ပြောတယ်” ဟု မူဆယ်မြို့နယ် စယ်လန့် ဒေသခံ လူငယ် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မူဆယ်မြို့တွင် ရေကစားသည့် ပြည်သူများ မရှိသလောက်နည်းပါးကြောင်း သိရသည်။

သျှမ်းသံတော်ဆင့်၊ ဧပြီ ၁၅ရက် “ မူဆယ်မှာက ရေးကစားတာ မရှိသလောက်ပဲ။ ရပ်ကွက်တွေမှာလည်း ရေမဆော့ဘူး။ ဘုန်းကြီးကျောင်းတက် ဘုရားရေသပ္ပာယ်တာတော့ရှိတယ်” ဟု မူဆယ်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ယခုနှစ် စစ်ကောင်စီ မှ ပြုလုပ်သည့် သင်္ကြန်ပွဲကို ပြည်သူများအနေဖြင့် သွားရောက်မဆော့ရန်နှင့် စစ်အာဏာရှင် ဆန့်ကျင်တော်လှန်သည့် သူများက တော်လှန် သင်္ကြန်ပြုလုပ်ရန် လည်း တိုက်တွန်းလှုံ့ဆော်လိုက်သည်။


SHAN News (Burmese Version) 

မင်္ဂလာမူဆယ်အနီး ဗုံးပေါက်ကွဲမှုဖြစ်၊ လူထိခိုက်မှုရှိ မင်္ဂလာမူဆယ်အနီး ဗုံးပေါက်ကွဲမှုဖြစ်၊ လူထိခိုက်မှုရှိ Reviewed by THITHTOOLWIN on 21:23 Rating: 5

No comments:

Powered by Blogger.