ဧပြီလ ၁ ရက်
အကြမ်းဖက်စစ်ကောင်စီရဲ့ ပြည်သူတွေကို သတ်ဖြတ်ရာမှာအသုံးပြုနေတဲ့ တိုက်ပွဲသုံး စစ်ရဟတ်ယာဉ် တွေကို ပြန်ဆော်ဖိုဆိုပြီးတော့ အလှူငွေကောက်တဲ့ ကမ်ပိန်းကို ပြုလုပ်နေပါတယ်။
ကမ်ပိန်းပြုလုပ်နေသူတွေက “ကျွန်တော်တိုကို လေကြောင်းကအနိုင်ကျင့်နေတဲ့ ငတိတွေကို ဆော်ဖိုအချိန်တန် ပါပြီခင်ဗျာ။ သိန်းပေါင်းတသောင်းသုံးထောင်ကို ဆယ်ရက်အတွင်းစုပေးရမှာပါခင်ဗျာ ပြည်သူတွေဟာ အောင်ပွဲကိုဘယ်လောက်ထ်ိ ဆာလောင်နေကြပြီဆိုတာ ပြည်သူ့အင်အားကိုပြလိုက်ကြရအောင်ပါခင်ဗျာ။ငှက် ကင်ဖို အတွက် ငွေလှူဒါန်းဖို အတွက် ဒီလင့်လေးကိုနှိပ်ပြီး သက်ဆိုင်ရာနိုင်ငံကိုနှိပ်ပြီး လှူလိုရပါပြီခင်ဗျာ” လို ပေ့ချ်မှာ ဖော်ပြထားပါတယ်။
PROJECT DRAGONFLY လို့ အမည်ပေးထားတဲ့ ကမ်ပိန်းမှာ ဆယ်ရက်အတွင်း ကျပ်သိန်းပေါင်း တစ်သောင်းသုံး ထောင်ကို စုပေးရမှာဖြစ်ပါတယ်။ အောင်ပွဲကို ဆာလောင်နေတဲ့ ပြည်သူတွေရဲ့ အင်အားကို တပြိုင်တည်းပြဖို့ အတွက်လည်း တိုက်တွန်းထားတာ တွေ့ရပါတယ်။
အလှူငွေ လှူမယ့်သူတွေအနေနဲ့ www.nwayooweb.com
မှာ ဝင်ရောက်ပြီးလှူဒါန်းရမှာဖြစ်ပါတယ်။ စင်ကာပူ၊ ထိုင်း၊ အမေရိကန်၊ မလေးရှား၊ ယူအေအီး၊ ဂျပန်၊ ကိုရီးယားတို့အပြင် CRYPTO (USDT) နဲ့ paypal တွေနဲ့ပါ ပေးပို့လှူဒါန်းနိုင်တယ်လို့ ဖော်ပြထားပါတယ်။
ပြည်တွင်းကလှူချင်တဲ့သူတွေအနေနဲ့ ပြည်ပက သူငယ်ချင်းတွေနဲ့ ချိတ်ဆက်ပြီးတော့ လှူဒါန်းဖို့အတွက်လည်း တိုက်တွန်းထားတာတွေ့ရပါတယ်။
“အကြမ်းဖက်စစ်ကောင်စီရဲ့ ငှက်တွေကို ကင်နိုင်ဖို့” ဆိုပြီးဒီကမ်ပိန်းကို ပါဝင်ကူညီကြဖို့အတွက် ဆိုပြီးတော့လည်း နှိုး ဆော်မှုတွေ ပြုလုပ်နေတာတွေ့ရပါတယ်။@PVTV
Zayar Times - ဇေယျာတိုင်း
No comments:
Post a Comment