စစ်ကောင်စီ ပိုင်းလော့တဦး ရွှေတောင်မြို့မှာ သေနတ်နဲ့ ပစ်ခံရ


ရွှေတောင်၊ ဧပြီ ၁၇၊ ၂၀၂၂။

ပဲခူးတိုင်း၊ ရွှေတောင်မြို့နယ် ဝါးလည်ရွာက သစ်သီးဆိုင်မှာ စျေးဝယ်နေတဲ့ စစ်ကောင်စီ ပိုင်းလော့တဦးကို သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ ပဲခူးတိုင်း PDF တာဝန်ရှိသူဆီက သိရပါတယ်။

ပြည်ခရိုင်တပ်ရင်း ၃၆၀၂ တပ်ခွဲ ၃ ရွှေတောင်မြို့နယ် PDF က ပစ်ခတ်ချိန်မှာ သေနတ်ချို့ယွင်းမှုဖြစ်ခဲ့ပြီး ပိုင်းလော့ဆိုသူကို တချက်သာထိမှန်ခဲ့ပြီး နောက်အချက်တွေမှာ ပစ်မရလို့ ပြန်ဆုတ်ခဲ့ရတယ်လို့ ပြောပါတယ်။

"မနက် ၈ နာရီဝန်းကျင်ခန့် ဝါးလည်ရွာ သစ်သီးဆိုင်ဘက်မှာ ကားရပ် စျေးဝယ်စဥ် ဝင်ပစ်ခဲ့ပါတယ်။ သေနတ်ကျည်ဂျန့်ဖြစ်ပြီး တချက်ပဲပစ်ခဲ့ရပြီး နောက်အချက်တွေမထွက်တာနဲ့ သူ့ဆီမှာလဲ လက်နက်ပါပါတယ်။ ဒါကြောင့်အမြန်ပြန်ဆုတ်ခဲ့ရပါတယ်" လို့ ပဲခူးတိုင်း PDF တာဝန်ရှိသူတဦးက ပြောပါတယ်။

နေ့လယ် ၁၂ နာရီဝန်းကျင်မှာ ပရဟိတအသင်းကားတစီးနဲ့ လုံခြုံရေးယူပေးကာ ရန်ကုန်ကိုခေါ်သွားပြီဖြစ်ပြီး ရွှေတောင်မြို့မှာ ရပ်ကျေးက္ကဌတွေကို အရေးပေါ်အစည်းအဝေးခေါ်ခဲ့တယ်လို့ သိရပါတယ်။

ဒီနေ့မနက် ရွှေတောင်မြို့မှာ သေနတ်နဲ့ ပစ်ခံရတဲ့ ဗိုလ်မှူးအောင်ကိုဇော်ဟာ လက်ရှိ အမှတ် ၃၀၁၇ လေကြောင်းရန်ကာကွယ်ရေးတပ်ရင်း၊ မင်္ဂလာဒုံ လေတပ်စခန်းက MI-35P နဲ့  MI-17 တောင်ပိုင်းလေတပ် ကွပ်ကဲမှုဌာနချုပ်ကပိုင်းလော့ လို့သိရပါတယ်။

"ပြည်သူတွေကို ဗုံးကြဲတိုက်ခိုက်နေတဲ့ MI-35P နဲ့  MI- 17 တောင်ပိုင်းလေတပ် ကွပ်ကဲမှုဌာနချုပ်က ပိုင်းလော့၊ ဗိုလ်နဲ့ ဗိုလ်မှူးစာရင်း ၅၄ ယောက်ထဲမှာ ပါဝင်တယ်။"လို့ ပဲခူးတိုင်း PDF တာဝန်ရှိသူက ပြောပါတယ်။

ဗိုလ်မှူးအောင်ကိုဇော်ဟာ တောင်ငူလေတပ်ကနေ ဇာတိဖြစ်တဲ့ ရွှေတောင်မြို့ကို အလှူကိစ္စနဲ့ ပြန်လာခဲ့တာဖြစ်ပြီး၊ လာတဲ့ လမ်းမှာကတည်းက မိုင်းဆွဲဖို့ ပြင်ဆင်ခဲ့ပေမယ့် မိသားစုဝင်တွေလည်း ပါနေတာကြောင့် အစီအစဥ်ကို ဖျက်ခဲ့လိုက်တာဖြစ်တယ်လို့ ပြောပါတယ်။

"အလာထဲက မိုင်းဆင်ပြီးစောင့်နေတာပါ၊ ကားထဲမှာ ကလေးတွေ မိန်းမတွေပါလို့ မလုပ်ပဲ နောက်ဆုတ်လိုက်တာအရင်ထဲကလုပ်မလို့ မိုင်းဆွဲရင်မဆိုင်တဲ့ ကလေးတွေ မိန်းမတွေ ထိကုန်မစိုးလို့ မလုပ်တော့ပဲ Mission ကိုဖျက်လိုက်တာ" လို့ သူကပြောပါတယ်။

ပစ်ခတ်မှုလုပ်ခဲ့တဲ့ ရွှေတောင်မြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေလည်း လုံခြုံတဲ့နေရာကို ရောက်ရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။


မြေလတ်အသံ - Myaelatt Athan 

စစ်ကောင်စီ ပိုင်းလော့တဦး ရွှေတောင်မြို့မှာ သေနတ်နဲ့ ပစ်ခံရ စစ်ကောင်စီ ပိုင်းလော့တဦး ရွှေတောင်မြို့မှာ သေနတ်နဲ့ ပစ်ခံရ Reviewed by THITHTOOLWIN on 23:23 Rating: 5

No comments:

Powered by Blogger.