အင်းယားလမ်းတွင် ပစ်ခတ်မှုဖြစ်ပြီး စစ်​ကောင်စီတပ်သား တစ်ဦး​သေ၊ လှိုင်မြို့နယ် တပ်မတော်ချည်မျှင်အထည်ချုပ်စက်ရုံဂိတ်ပေါက်တွင်လည်း ဗုံးပေါက်


ရန်ကုန်မြို့ ကမာရွတ်မြို့နယ် အင်းယားလမ်းတွင် ပစ်ခတ်မှုဖြစ်ပွားပြီး စစ်ကောင်စီတပ်သားတစ်ဦးသေဆုံးကာ လှိုင်မြို့နယ် တပ်မတော်ချည်မျှင်နှင့်အထည်ချုပ်စက်ရုံဂိတ်ပေါက်တွင်လည်း ဗုံးပေါက်ပြီး ဝန်ထမ်းနှစ်ဦးထိခိုက်မှု ဖြစ်ပွားကြောင်း သတင်းရရှိသည်။ 

ယနေ့(ဧပြီ ၁၀ ရက်) ညနေ ၄ နာရီ ၅မိနစ်က ကမာရွတ်မြို့နယ် (၁၀)ရပ်ကွက်၊ ပန်းဝါအိမ်ယာဝင်ထွက်ပေါက်ဂိတ် (၂) အင်းယားလမ်းရှိ စစ်ကောင်စီဂိတ်ကို ကားတစ်စီးပေါ်မှ ၁၅ချက်ခန့် ပစ်ခတ်သွားခဲ့သည်ကို ​​ဖေစ်ဘွခ်လူမှုကွန်ယက်တွင်ပျံ့နှံ့​နေ​သောရုပ်သံဖိုင်တွင်​တွေ့ရသည်။ 

အဆိုပါအိမ်ယာဝန်းသည် အကြမ်းဖက်စစ်​ခေါင်​ဆောင် မင်း​အောင်လှိုင်နှင့် စိုးဝင်းတို့၏ ရန်ကုန်မှ ​နေအိမ်များနှင့်နီးပြီးစစ်​ကောင်စီတပ်မှထိပ်ပိုင်းအရာရှိများ​နေထိုင်ရာဝန်းဖြစ်​ကြောင်းလည်းသိရသည်။

ထို့ကြောင့် စစ်ကောင်စီတပ်သားတစ်ဦး ဦးခေါင်းကျည်ထိမှန်သေဆုံးသွားခဲ့သည်ဟု သိရသည်။ 

အလားတူ လှိုင်မြို့နယ် (၁၂) ရပ်ကွက် အင်းစိန်လမ်း တပ်မတော်ချည်မျှင်နှင့် အထည်ချုပ်စက်ရုံဝင်ပေါက်တွင်လည်း ယနေ့ ညနေ ၅ နာရီက လက်လုပ်ဗုံးဖြင့် တိုက်ခိုက်ခံရပြီး ဝန်ထမ်းနှစ်ဦး ထိခိုက်ခဲ့သည်။ 

"အရေးပေါ်ကားတွေလည်း လာတယ်။စခ DC ကား နှစ်စီးလည်း အင်းစိန်လမ်းမပေါ် ရပ်ထားတယ်"ဟု လှိုင်မြို့နယ် (၁၂)ရပ်ကွက်နေသူများက ပြောသည်။ 

ထိုသို့ ပစ်ခတ်​ပေါက်ကွဲမှုများ​ကြောင့် စစ်​ကောင်စီတပ်သားများက ရန်ကုန်မြို့တွင်း လမ်းပိုင်းများ၌ အင်အားအများအပြားဖြင့် လမ်းများပိတ်ဆို့၍ရှာ​ဖွေစစ်ဆေးနေသည်။ 

ယမန်နေ့ကလည်း မြို့တော်ဂေါက်ကွင်းနှင့် မင်္ဂလာ ဒုံလေတပ်စခန်းကို ရန်ကုန်တိုင်းတော် လှန်ရေးအင်အားစုများက ရှော့တိုက်ဒုံးများဖြင့် တိုက်ခိုက်ထားသည်။ 

ထို့အပြင် ရန်ကုန်မြို့ပြစစ်ဆင်​ရေး ဒုတိယလှိုင်း အဖြစ် " နန်းထိုက်​အောင်" စစ်ဆင်​ရေး စတင်ပြီဖြစ် ကြောင်း ရန်ကုန်တိုင်းစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့တာဝန်ရှိသူက ဧပြီ ၉ ရက်တွင် ပြောကြားသည်။


People's Spring 

အင်းယားလမ်းတွင် ပစ်ခတ်မှုဖြစ်ပြီး စစ်​ကောင်စီတပ်သား တစ်ဦး​သေ၊ လှိုင်မြို့နယ် တပ်မတော်ချည်မျှင်အထည်ချုပ်စက်ရုံဂိတ်ပေါက်တွင်လည်း ဗုံးပေါက် အင်းယားလမ်းတွင် ပစ်ခတ်မှုဖြစ်ပြီး စစ်​ကောင်စီတပ်သား တစ်ဦး​သေ၊ လှိုင်မြို့နယ် တပ်မတော်ချည်မျှင်အထည်ချုပ်စက်ရုံဂိတ်ပေါက်တွင်လည်း ဗုံးပေါက် Reviewed by THITHTOOLWIN on 19:10 Rating: 5

No comments:

Powered by Blogger.