ပင်လည်ဘူးတွင် ရဟက်ယာဉ်ဖြင့် ၂ ကြိမ်လာချသည့် ပျူစောထီး ၈ယောက်လက်နက်ချ အလင်းဝင်၊ ကျန်ပျူစောထီးများအကုန်သေ


မဲခေါင်၊ ဧပြီ ၁၁

ပြည်သူ့ကာကွယ်ရေးတပ်များကို တိုက်ခိုက်ရန် ပင်လည်ဘူးမြို့တွင် စစ်ကောင်စီမှ ရဟက်ယာဉ်ဖြင့် လာချသည့် ပျူစောထီးများထဲမှ ၈ ဦး လက်နက်ချအလင်းဝင်ပြီး ကျန်ပျူစောထီးများ အားလုံး သေဆုံးသွားကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်ကို ပြောသည်။

ဧပြီလ ၉ ရက် နံနက်ပိုင်းနှင့် နေ့လည်ပိုင်းတွင် စစ်ကောင်စီဘက်မှ ရဟက်ယာဉ်ဖြင့် ၃ ကြိမ်လာရောက် ပစ်ခတ်ပြီး စစ်ကောင်စီတပ်သားများကို ရဟက်ယာဉ်ဖြင့် ၂ ကြိမ်လာရောက်ချထားကြောင်း ဒေသတွင်း သတင်းရင်းမြစ်တစ်ဦးက မဲခေါင်ကို ပြောသည်။

ရဟက်ယာဉ်ဖြင့် ၂ ကြိမ် လာရောက်ချထားရာတွင် တစ်ကြိမ်လျှင် ၂၅ ဦး ခန့်ပါဝင်ပြီး အားလုံးမှာ ပြည်သူ့စစ်ဟု ပုခုံးတံဆိပ်တပ်ထားသည့် ပျူစောထီးများဖြစ်ကြောင်း အဆိုပါသတင်းရင်းမြစ်က ပြောသည်။

“ချပြီးတာနဲ့ သိပ်မကြာဘူး အကုန်လုံး သေတာပဲ။ ၈ယောက်ကျန်တာ လက်နက်ချပြီး အလင်းဝင်လာတယ်” ဟု ၎င်းကပြောသည်။

အာဏာသိမ်းစစ်ကောင်စီက ကောလင်းခရိုင်အတွင်းရှိ ကောလင်း၊ ပင်လယ်ဘူး၊ ဝန်းသို စသည့် မြို့များတွင် လေကြောင်းတိုက်ခိုက်မှုများ အများအပြား ပြုလုပ်နေသည့်အတွက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေဖြင့် လေယာဉ်အတက်အဆင်းနှင့် ပတ်သက်သည့် သတင်းများ ပိုမိုရရှိရန် လိုအပ်ကြောင်း PDF တပ်ဖွဲ့များနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“စကစ က သူတို့ အခြေအနေမဟန်တော့ဘူးဆိုရင် လေကြောင်းနဲ့ လာပစ်တယ်။ ပြည်သူတွေအနေနဲ့ ကိုယ့်ပတ်ဝန်းကျင်မှာ လေတပ်ရှိတယ်ဆိုရင် လေယာဉ်အတက်အဆင်းသတင်းကို တင်ပေးစေချင်ပါတယ်” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီသည် စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ် ၉၀ ရာခိုင်နှုန်းနီးပါးကို မြန်နှုန်းမြင့် အင်တာနက်လိုင်းများ ဖြတ်တောက်ခြင်း၊ မြို့နယ်အချို့တွင် ဖုန်းလိုင်းပါ ဖြတ်တောက်ခြင်းများ ပြုလုပ်ထားပြီး အကြီးအကျယ်ထိုးစစ်ဆင်လျှက်ရှိသည်။


MeKong News - မဲခေါင်သတင်း

ပင်လည်ဘူးတွင် ရဟက်ယာဉ်ဖြင့် ၂ ကြိမ်လာချသည့် ပျူစောထီး ၈ယောက်လက်နက်ချ အလင်းဝင်၊ ကျန်ပျူစောထီးများအကုန်သေ ပင်လည်ဘူးတွင် ရဟက်ယာဉ်ဖြင့် ၂ ကြိမ်လာချသည့် ပျူစောထီး ၈ယောက်လက်နက်ချ အလင်းဝင်၊ ကျန်ပျူစောထီးများအကုန်သေ Reviewed by THITHTOOLWIN on 22:59 Rating: 5

No comments:

Powered by Blogger.