ဧပြီ - ၇
စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် တအုံရွာက စစ်ကောင်စီခန့် ကျေးရွာဥက္ကဌ ကျော်ထွန်းနှင့် ပျူစောထီး အဖွဲ့ဝင် ရွှေနန်း ဆိုသူတို့ကို ယနေ့ နေ့လယ်ပိုင်းအချိန် ရွှေဘို - ကျောက်မြောင်း လမ်းပေါ်မှာ ဆိုင်ကယ်နှင့်သွားလာနေချိန် ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ BLACK WOLF – PDF က သတင်းထုတ်ပြန်ပါတယ်။
“စစ်ကောင်စီထံ သတင်းပေးခြင်း၊ ကျေးရွာပြည်သူများအား လက်နက်အားကိုး ခြိမ်းခြောက်ခြင်း၊ ကျေးရွာများအား မီးရှို့မည်ဟု ခြိမ်းခြောက်ခြင်း၊ ရွှေဘိုတက္ကသိုလ်အတွင်း တပ်စွဲထားသော စစ်ကောင်စီနှင့် ဆက်သွယ်ခြင်း၊ ကော့ရွာရှိ ပျူစောထီးများနှင့် ပူးပေါင်းခြင်း၊ လူသစ်စုဆောင်းမှု ပြုလုပ်နေခြင်းတို့ကို သေချာစေရန် အချိန် လေးလခန့် စောင့်ကြည့်ပြီးနောက် ဧပြီ(၇)ရက် နေ့လယ်ပိုင်း တအုံကျေးရွာ အနောက်ဘက် ရွှေဘို-ကျောက်မြောင်း လမ်းပေါ်တွင် ကျွန်တော်တို့ BLACK WOLF - PDF အထူးတပ်သားများမှ သင်္ကြန်လက်ဆောင် ဖောင်းဒိုင်း ရှစ်ချက် ကျွေးကာ ဝမ်းသာစွာ သုတ်သင်ခဲ့ကြောင်း အသိပေး ထုတ်ပြန်အပ်ပါသည်” လို့ BLACK WOLF - PDF က ဖော်ပြပါတယ်။
အဲ့ဒီ ဖြစ်စဉ်နှင့်ပတ်သက်ပြီး ဆိုင်ကယ်ချင်း ယှဉ်စီးကာ ပစ်ခတ်ခဲ့တဲ့ ဗွီဒီယိုဖိုင်ကိုလည်း BLACK WOLF - PDF က ထုတ်ပြန်ထားပါတယ်။
လက်ရှိမှာ စစ်အုပ်စုက ပျူတွေနှင့်ပေါင်းပြီး ရွှေဘိုခရိုင်အတွင်းက ကျေးရွာတွေကို ရွာစဉ်ပတ်မွှေ အကြမ်းဖက် စီးနင်းကာ လူသတ်၊ ဓားပြတိုက်လုယက်၊ နေအိမ်မီးရှို့၊ အဓမ္မပြုကျင့်၊ ဖမ်းဆီးနှိပ်စက် ငွေညှစ်တာတွေ ကျူးလွန်နေပါတယ်။
Mandalay Free Press - MFP
No comments:
Post a Comment