ပုလဲမြို့မရဲစခန်းကို ကျားသစ်နက်တပ်ဖွဲ့က လက် နက်ကြီးနဲ့ ၂၅ ချက် ပစ်ခတ်ခဲ့လို့ စစ်ကောင်စီတပ်သေ ဆုံးမှုများနိုင်
ဧပြီလ ၂၆ ရက်
စစ်ကိုင်းတိုင်း၊ပုလဲမြို့မရဲစခန်းကို ကျားသစ်နက်ပျောက်ကျားတက်ဖွဲ့က ယနေ့ ဧပြီလ ၂၆ ရက်ညနေ ၄ နာရီမှ ၅ နာရီအထိ လက်နက်ကြီးများဖြင့်ပစ်ခတ်ခိုက်တိုက်ခိုက်ခဲ့ကြောင်း ကျားသစ်နက်ပျောက်ကျားတပ်ဖွဲ့ထံကသိရသည်။
အဆိုပါ ပုလဲမြို့ မြို့မရဲ့စခန်းကို ၆၀ မမ ၈၀ မမ တို့ဖြင့် လက်နက်ကြီးအလုံး (၂၅) ချက်ဖြင့်တစ်နာရီကျော်ကြာ ပစ်ခတ်ခဲ့သဖြင့် ရဲစခန်းအတွင်းတပ်စွဲထားသော စစ်ကောင်စီတပ်နှင့်ရဲများ ထိခိုက်သေဆုံးမှုများနိုင်ကြောင်း ကျားသစ်နက်တပ်ဖွဲ့ဝင်များကဆိုသည်။
"ကျွန်တော်တို့ တစ်နာရီကျော်ကြာ ပစ်ခတ်ခဲ့တာပေါ့။ စစ်ကောင်စီတပ်နဲ့ရဲတွေဘက်ကထိခိုက်ကြဆုံးမှုတော့အတိ အကျမသိရသေးဘူး။သူတို့ဘက်ကအထိအခိုက်အကျဆုံးများနိုင်တယ်။ကျွန်တော်တို့ဘက်ကရဲဘော်တဦးအ သေးစားထိခိုက်မှုတော့ရှိတယ်။စိုးရိမ်စရာတော့မရှိပါဘူး" လို့ ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့မှ ဗိုလ်ဥက္ကာက ဧရာဝတီတိုင်းမ်ကိုပြောသည်။
စစ်ကိုင်းတိုင်းအတွင်း ကျားသစ်နက်ပြောက် ကျားတပ်ဖွဲ့သည် အင်အားအများအပြားဖြင့် ဖွဲ့စည်းထားသည့် ပြေက် ကျားတပ်ဖွဲ့တစ်ခုအဖြစ်ရပ်တည်နေပြီးပြည်သူများ အားထားရသည့်အဖွဲ့တစ်ခုဖြစ်သည်ဟု ဒေသခံများကပြောဆိုသည်ါ
အဆိုပါတိုက်ပွဲဖြစ်ပွားပြီးနောက် ကျားသစ်နက်ပြောက် ကျားတပ်ဖွဲ့ဝင်များမှ ဘေးကင်းလုံခြုံရာနေရပ်သို့ပြန် လည်ရောက်ရှိပြီဖြစ်ကြောင်း သိရသည်။
Ayeyarwaddy Times
No comments:
Post a Comment