ဘုတလင်မြို့အနီး၌ စစ်ကောင်စီတပ်ဖွဲ့၀င်များ မိုင်းဆွဲတိုက်ခိုက်ခံရပြီး အလောင်းလာကောက်သည့် ယာဉ်တန်းပါ မိုင်းထပ်ခွဲခံရ


ဘုတလင်၊ ဧပြီ ၉

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့အနီး အလုံတပ်မြို့ လမ်းပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့မှ ကားလေးစီးကို မိုင်းဆွဲတိုက်ခိုက်နိုင်ခဲ့သည်ဟု ဒီမိုကရက်တစ်ပြောက်ကျားတပ်ဖွဲ့ (အောက်ချင်းတွင်း) က ယနေ့ ထုတ်ပြန်သည်။

ဧပြီလ ၉ ရက် နံနက် ၁ နာရီတွင် ထနောင်းကုန်းရွာနှင့် ကံသစ်ရွာကြား၌ စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နံနက် ၃ နာရီခန့်တွင် ‌အလောင်းလာကောက်သည့် စစ်ကောင်စီယာဉ်တန်းကို ဒုတိယအကြိမ် ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ ကားလေးစီး ပျက်စီးခဲ့သည်ဟု အထက်ပါအဖွဲ့က အတည်ပြုထုတ်ပြန်ထားသော်လည်း စစ်ကောင်စီတပ်ဖွဲ့၀င် သေဆုံးသူအရေအတွက်ကို အတည်ပြုနိုင်ခဲ့ခြင်းမရှိပေ။

ဘုတလင်မြို့အနီး၊ အလုံတပ်မြို့ လမ်းပိုင်းတွင် ယနေ့နံနက်ပိုင်း ဆောင်ရွက်ခဲ့သည့် စစ်ဆင်ရေးအသေးစိတ်ကို အတည်ပြုနိုင်ရန် လူငယ့်ခေတ်အနေဖြင့် ကြိုးစားဆဲသာဖြစ်သည်။


Lu Nge Khit

ဘုတလင်မြို့အနီး၌ စစ်ကောင်စီတပ်ဖွဲ့၀င်များ မိုင်းဆွဲတိုက်ခိုက်ခံရပြီး အလောင်းလာကောက်သည့် ယာဉ်တန်းပါ မိုင်းထပ်ခွဲခံရ ဘုတလင်မြို့အနီး၌ စစ်ကောင်စီတပ်ဖွဲ့၀င်များ မိုင်းဆွဲတိုက်ခိုက်ခံရပြီး အလောင်းလာကောက်သည့် ယာဉ်တန်းပါ မိုင်းထပ်ခွဲခံရ Reviewed by THITHTOOLWIN on 22:26 Rating: 5

No comments:

Powered by Blogger.