သင်္ကြန်အကြို့နေ့လက်ဆောင်အဖြစ် မုံရွာရှိ စစ်ကောင်စီ၏နေရာ (၄) နေရာကို တိုက်ခိုက်ခဲ့ဟု တော်လှန်ရေးအဖွဲ့များထုတ်ပြန်
Photo : CJ |
မုံရွာ၊ ဧပြီ (၁၃)
ယနေ့ သင်္ကြန်အကြိုနေ့၌ စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ နေရာ (၄) နေရာကို PDF ပြောက်ကျားအဖွဲ့များက တိုက်ခိုက်ခဲ့ကြောင်း ပါဝင်ခဲ့သည့် Unity Force Monywa (UFM) အဖွဲ့က လူငယ့်ခေတ်သို့ ပြောသည်။
ယနေ့ နံနက် (၈) နာရီမှ (၁၂) နာရီအတွင်း ဆည်မြောင်းရုံး၊ အမှတ်(၂) ရဲစခန်း၊ အမှတ် (၆) စာသင်ကျောင်းအနီးကင်းပုန်းဝတ်နေသည့်နေရာနှင့် TTC ကျောင်းအနီကင်းပုန်းဝတ်နေသော နေရာများကို လက်ဆောင်အဖြစ် လက်ပစ်မိုင်းများဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
"ကျွန်တော်တို့ ဒီကောင်တွေရှိတဲ့နေရာကို သိလို့ အခုလို ဆောင်ရွက်ခဲ့တာပါ။ သူတို့ပြန်တော့ပစ်တယ်ဗျ။ ဒါပေမဲ့ကျွန်တော်တို့ တစ်စုံတစ်ရာ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာလာခဲ့ပါတယ်။"ဟု UFM အဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောသည်။
အကြမ်းဖက်စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုကို မသိရသေးကြောင်းလည်း ပါဝင်ခဲ့သည့် အဖွဲ့ဝင်များက ထုတ်ပြန်ထားသည်။
လက်ရှိအချိန်၌ မြို့ထဲတွင် စစ်ကောင်စီတပ်သားများက သေနတ်ပစ်ဖောက်ကာ ရမ်းကားနေသည်ဟု ကနဦးသတင်းသာ သိရပြီး အသေးစိတ်အခြေအနေများကို မသိရသေးပေ။
သင်္ကြန်ကာလအတွင်း၌ ပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီလက်ပါးစေများနှင့်ဝေးဝေးရှောင်ကာ အပြင်မထွက်ကြရန် တော်လှန်ရေးအင်အားစုများဘက်က တိုက်တွန်းထားသည်။
Lu Nge Khit
No comments:
Post a Comment