ယနေ့ (၂၃.၄.၂၀၂၂)ရက်နေ့ နေ့လည်ပိုင်းအချိန်တွင် မိမိတို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(တမူးမြို့) တပ်ရင်း - ၁ ၊ တပ်ရင်း - ၂ ပူးပေါင်း တပ်ဖွဲ့ဝင်များသည် ဖရဲသီးသတင်းအရ တမူး - အောင်ဇေယျကားလမ်းပိုင်း၌ တပ်အချိန်းပြောင်းပြုလုပ်နေသည့် ယာဉ်တန်းအား ကြားဖြတ်ခြုံခိုတိုက်ခိုက်ခဲ့ကြရာ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မူ့ဖြစ်ပွားခဲ့ပါသည်။ ( ၂:၁၉ )နာရီ မှ ( ၂:၄၀ ) နာရီတွင် တစ်ကြိမ် (၃:၂၂)နာရီ မှ (၃:၅၄) နာရီတွင် တစ်ကြိမ် ထိတွေ့တိုက်ပွဲ နှစ်ကြိမ် ဖြစ်ပွားခဲ့ပါသည်။
ဤတိုက်ခတ်မူဖြစ်စဉ်အတွင်း အကြမ်းဖက်စစ်ကောင်စီဖက်မှ စစ်ခွေး (၁၅)ကောင်ထက်မနည်း မြေဩဇာဖြစ်သွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူအများပြားဖြင့် တမူးမြို့တွင်းသို့ ကားများ၊ ဆိုင်ကယ်များဖြင့် ကစဉ့်ကလျား ပြန်လည်ဆုတ်ခွာသွားခဲ့ကြသည်။
မိမိတို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှာ တစ်စုံတစ်ရာထိခိုက်မှု့မရှိဘဲ အောင်မြင်စွာပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြပါသည်။ နောက်နောင်တွင်လည်း တမူး - အောင်ဇေယျ ကားလမ်းပိုင်းအား နယ်မြေရှင်းလင်းရေးနှင့် ယာဉ်စစ်ဆေးရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး စစ်အာရှင်စနစ် အပြီးတိုင်ချူပ်ငြိမ်းရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်လိုက်သည်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( တပ်ရင်း - ၁ )တမူးမြို့
Zalen
No comments:
Post a Comment