စော်ဖျားရွာက ဒလန်လို့နာမည်ကြီးသူတစ်ဦးသေနတ်နဲ့ပစ်သတ်ခံရ


တနင်္သာရီတိုင်းမ် ၊ ဧပြီ ၂၅ 

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ စော်ဖျားကျေးရွာက ဒလန်လို့နာမည်ကြီးသူတစ်ဦးဒီနေ့ညနေပိုင်းက သေနတ်နဲ့ ပစ်သတ်ခံလိုက်ရတယ်လို့ ဒေသခံတွေထံကသိရပါတယ်။ 

ပစ်သတ်ခံခဲ့ရသူဟာ အသက် ၄၀ကျော်အရွယ် ရွာခေါ်အမည် ဦးလား ဆိုသူဖြစ်ပြီး ကင်းရှေ့ရွာနဲ့ မိုးရွှေကုန်းရွာကြားမှာ ဒီနေ့ညနေ ၃ နာရီလောက်က ပစ်သတ်ခံခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။ 

"သေနတ်အသံ ၇ချက်လောက် ကြားပြီးတာနဲ့ နွန်းလားသေတယ်လို့ သိရတာပဲ။ ရွာမှာ စစ်သားတွေ ညဘက်လိုက်မွှေနေတုန်းက သူလည်း အတူလိုက်နေတာတွေ့ရတယ်" လို့ရွာခံတစ်ဦးကပြောပါတယ်။ 

ဦးလားဟာ မနှစ်က နိုဝင်ဘာလ ၁၈ ရက်နေ့က အသတ်ခံခဲ့ရတဲ့ ပျူစောထီးအဖွဲ့ဝင် ဦးသိန်းမဲရဲ့ အစ်ကို ဖြစ်ပါတယ်။ 

ဦးသိန်းမဲကိုတော့ Dawei Defense Force (DDF)က ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပြီး အခုအသတ်ခံရတဲ့ ဦးလားကိုတော့ ဘယ်အဖွဲ့က ပစ်ခတ်ခဲ့တယ်ဆိုတာကို ထုတ်ပြန်ထားတာမျိုး မရှိသေးပါဘူး။ 


The Tanintharyi Time


စော်ဖျားရွာက ဒလန်လို့နာမည်ကြီးသူတစ်ဦးသေနတ်နဲ့ပစ်သတ်ခံရ စော်ဖျားရွာက ဒလန်လို့နာမည်ကြီးသူတစ်ဦးသေနတ်နဲ့ပစ်သတ်ခံရ Reviewed by THITHTOOLWIN on 20:26 Rating: 5

No comments:

Powered by Blogger.