ဘန့်ဘွေးရွာမ ပျူစောထီးရွာကို စစ်ကူသွားသည့်စစ်ကောင်စီယာဥ်တန်း မိုင်းဆွဲခံရကာ စစ်ကောင်စီတပ်သားများ အများအပြားကျဆုံး


ဧပြီလ ၅ ရက်

စစ်ကိုင်းတိုင်း၊ယင်မာပင်မြို့နယ်၊ဘန့်ဘွေးရွာမပျူစောထီးရွာကို စစ်ကူလာသည့် စစ်ကောင်စီယာဥ်တန်း ဧပြီလ နံနက်ပိုင်း ၁၀ နာရီဝန်းကျင်တွင်မိုင်းဆွဲခံရကာ စစ်ကောင်စီတပ်သားအများအပြားသေဆုံးကြောင်း ချိုမိုင်မိုင်PDFတပ်ဖွဲ့ဝင်တဦးထံက သိရသည်။

"သူတို့မိုင်းဆွဲခံပြီး ရမ်းသမ်းပစ်ခတ်ခဲ့သေးတယ်ကျွန်တော်တို့ဘက်က ဘာမှထိခိုက်တာမရှိပါဘူး

အဓိက ကျွန်တော်တို့မှာလက်နက်မရှိလို့ မိုင်းပဲဆွဲရတာပါ။ စစ်ကောင်စီကောင်တွေအထိခိုက်အကျဆုံးများပါတယ် မိုင်းက တည့်တည့်ဆွဲမိတော့" ဟုချိုမိုင်မိုင်PDF တာဝန်ရှိသူတဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ဘန့်ဘွေးရွာမ ပျူစောထီးများနှင့် KLGပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ယနေ့နံနက် ၄ နာရီဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားပြီးစစ်ကူလာသည့် စစ်ကောင်စီစစ်ယာဥ်တန်း ကားနှစ်စီးကို ချိုမိုင်မိုင် ယင်းမပင်-ကနီ မဟာမိတ်တပ်ပေါင်းစုက  ကြားဖြတ်မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

" မိုင်းဆွဲရတဲ့အလုပ်ကခုနောက်ပိုင်းအရမ်းအန္တရယ်များလာပီ။လက်နက်မရှိတော့ အစဥ်မပြေဘူး မိုင်းပဲဆွဲနေရတယ် ပြည်သူတွေလဲတတ်နိုင်သလော​က်ကျွန်တော်တို့အဖွဲ့ကို လှူပေးကြအုံးလို့အကူညီတောင်းချင်ပါတယ်ဗျာ "ဟု ချိုမိုင်မိုင်တပ်ဖွဲ့ဝင်တဦးကဆက်လက်ပြောသည်။

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီသေဆုံးစရင်းကိုချိုမိုင်မိုင်PDFကထုတ်ပြန်သွားမှာဖြစ်ပြီး ချိုမိုင်မိုင်

ယင်းမာပင်-ကနီ မဟာမိတ်တပ်ပေါင်းစု မှ ထိခိုက်မှုမရှိပဲ အောင်မြင်စွာဆုတ်ခဲ့နိုင်ကြောင်း ချိုမိုင်မိုင် PDF တပ်ဖွဲ့ဝင်တဦးက ပြောသည်။


Ayeyarwaddy Times 

ဘန့်ဘွေးရွာမ ပျူစောထီးရွာကို စစ်ကူသွားသည့်စစ်ကောင်စီယာဥ်တန်း မိုင်းဆွဲခံရကာ စစ်ကောင်စီတပ်သားများ အများအပြားကျဆုံး ဘန့်ဘွေးရွာမ ပျူစောထီးရွာကို စစ်ကူသွားသည့်စစ်ကောင်စီယာဥ်တန်း မိုင်းဆွဲခံရကာ စစ်ကောင်စီတပ်သားများ အများအပြားကျဆုံး Reviewed by THITHTOOLWIN on 19:29 Rating: 5

No comments:

Powered by Blogger.