ဗဟန်း၊ မဟာစည်သာ့သနာ့ရိပ်သာလမ်းရှိ အကြမ်းဖက်စစ်တပ်အိမ်ယာ ဖောက်ခွဲတိုက်ခိုက်ခံရ


ဧပြီ ၂၅ ရက်

ရန်ကုန်၊ ဗဟန်းမြို့နယ်၊ မဟာစည်သာသနာ့ရိပ်သာလမ်းရှိ အကြမ်းဖက်စစ်ကောင်စီ၏ မိသားစုအိမ်ယာနှင့် လာရောက်ရှာဖွေစစ်ဆေးသော အကြမ်းဖက်စစ်ကောင်စီတပ်အား မြို့ပြပြောက်ကျားအဖွဲ့ Dark Shadow မှ ဖောက်ခွဲတိုက်ခိုက်မှု ၃ ကြိမ် ပြုလုပ်ခဲ့သည်ဟု သိရသည်။

ယနေ့ ည  ၉:၁၀ နာရီတွင် တစ်ကြိမ်၊ ၉:၃၀ တွင်တစ်ကြိမ် နှင့် ၉:၃၅ တွင်တစ်ကြိမ် ၃ ကြိမ် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ ပြည်သူနှင့် ဆန့်ကျင်ဘက်တွင်နေသော အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ အဖွဲ့အစည်းများကို ပြင်းထန်ထိရောက်စွာ တိုက်ခိုက်သွားမည်ဟုလည်း မြို့ပြပြောက်ကျားအဖွဲ့မှ အသိပေးသည်။

“ ပြည်သူများအနေဖြင့် မိမိနေထိုင်ရာ မြို့၊ ရပ်ကွက်များတွင်ရှိသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များရဲ့လုံခြုံရေး နေထိုင်ရာနေရာများကိုလည်း မိမိတို့ဘက်မှ တတ်နိူင်တဲ့အားလေးနဲ့ သိုဝှက်စွာ ဖေးမကူညီပေး။ ပြည်သူ့ကွယ်ရေးတပ်ဖွဲ့များအား လှူရန်၊ ကူရန်နှင့် အားတဲ့အချိန်လေးတွေမှာ Click ဖို့ကိုလည်း မေတ္တာ ရပ်ခံအပ်ပါသည်” ဟုလည်း Dark Shadow မှ မေတ္တာရပ်ခံထားပါသည်။


HTY Information




ဗဟန်း၊ မဟာစည်သာ့သနာ့ရိပ်သာလမ်းရှိ အကြမ်းဖက်စစ်တပ်အိမ်ယာ ဖောက်ခွဲတိုက်ခိုက်ခံရ ဗဟန်း၊ မဟာစည်သာ့သနာ့ရိပ်သာလမ်းရှိ အကြမ်းဖက်စစ်တပ်အိမ်ယာ ဖောက်ခွဲတိုက်ခိုက်ခံရ Reviewed by THITHTOOLWIN on 19:21 Rating: 5

No comments:

Powered by Blogger.