ပုလဲတွင် စစ်ကောင်စီနှင့်ပျူစောထီးပူးပေါင်းစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရသောကြောင့် ငါးဦးထက်မနည်းသေဆုံးပြီး ဒဏ်ရာရရှိသူများပြား

ဓါတ်ပုံ - ပြီးခဲ့သည့် ရက်ပိုင်းက စစ်​ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရသည့် ပုံဖြစ်သည်။

ပုလဲ - ဧပြီ ၁၂ ၊ ၂၀၂၂ ။

ခြေလျင်ဖြင့် ချီတက်လာသော စစ်ကောင်စီနှင့်ပျူစောထီး ပူးပေါင်းစစ်ကြောင်းသည် စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ အင်မထီးကျေးရွာမြောက်ဘက်တွင် ယနေ့ နံနက် ၁၀ နာရီခန့်က မိုင်းဆွဲတိုက်ခိုက်ခံရသောကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။

အင်အား ၂၅ဦးခန့်ပါရှိသော စစ်ကောင်စီပူးပေါင်းစစ်ကြောင်းသည် ပုလဲမြို့နယ်၊ ​မြေစီကျေးရွာရှိ အခြား စစ်ကောင်စီစစ်ကြောင်းကို သွားရောက် ကြိုသည့်လမ်းတွင် ပဒေသာမိုင်း သုံးလုံးအထက် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ပုလဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဌာနပေါင်းချုပ်က တာဝန်ရှိသူတစ်ဦးက The 74 Media ကို ပြောသည်။

"ပြီးခဲ့တဲ့ နှစ်ရက်သုံးရက်က မြေစီရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဒီအင်မထီးရွာမှာရှိတဲ့ ပျူစောထီးတွေနဲ့ စစ်ကောင်စီတပ်သားတွေက ကြိုတာဗျ။ ကြိုဖို့ ထွက်လာတဲ့လမ်းမှာ ကျွန်တော်တို့ ပြည်သူကကွယ်ရေးတပ်ဌာနချုပ်က မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။ စစ်ကောင်စီကတော့ ငါးယောက်အထက် သေပြီးတော့ ဒဏ်ရာရသူရော တော်တော်များတယ်ဗျ"ဟုပြောသည်။

စစ်ကောင်စီနှင့် ပျူစောထီးပူးပေါင်းစစ်ကြောင်းသည် မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် မိနစ်အနည်းအငယ် ရမ်းသမ်းပစ်ခတ်ခဲ့ပြီး အင်မထီးကျေးရွာသို့ ပြန်လည် တပ်ဆုတ်ခဲ့ကြောင်း သူကပြောသည်။

မိုင်းဆွဲတိုက်ခိုက်ခံရသောကြောင့် သေဆုံးသွားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ရုပ်အလောင်းများကို ရဟတ်ယာဥ်ဖြင့် ပုလဲမြို့သို့ တင်ဆောင်သွားခဲ့​ကြောင်း သူက ဆက်ပြောသည်။

​မြေစီကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီစစ်ကြောင်းသည်  ပုလဲမြို့နယ်မှ ကျေးရွာ ၁၀ ရွာခန့်ကို မတ်လ ၁၂၊ ၁၃နှင့် ၁၄ ရက်ခန့်က တစ်ရွာလုံး မီးရှို့ဖျက်ဆီးခဲ့သောကြောင့် ထွက်ပြေးတိမ်းရှောင်နေသော ပြည်သူစုစုပေါင်း တစ်ထောင်​ကျော်ရှိလာခဲ့သည်။


The 74 Media 

ပုလဲတွင် စစ်ကောင်စီနှင့်ပျူစောထီးပူးပေါင်းစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရသောကြောင့် ငါးဦးထက်မနည်းသေဆုံးပြီး ဒဏ်ရာရရှိသူများပြား ပုလဲတွင် စစ်ကောင်စီနှင့်ပျူစောထီးပူးပေါင်းစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရသောကြောင့် ငါးဦးထက်မနည်းသေဆုံးပြီး ဒဏ်ရာရရှိသူများပြား Reviewed by THITHTOOLWIN on 19:24 Rating: 5

No comments:

Powered by Blogger.