ရဲသင်္ကြန်မဏ္ဍပ် စည်ကားရန် ဝန်ထမ်းများ မပျက်မကွက် သွားရမည်ဟု ပြည်ထဲရေးက စာဖြင့် ညွှန်ကြား


နေပြည်တော်၊ ဧပြီ ၉

အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ပြည်ထဲရေးဝန်ကြီးဌာနက နေပြည်တော်တွင် ပြုလုပ်မည့် ဌာန သင်္ကြန် မဏ္ဍပ် စည်ကားစေရေး အတွက် ဝန်ထမ်းများအင်အားအပြည့်ဖြင့် နေ့ရက်အလိုက် အလှည့်ကျ မပျက်မကွက် သွားရောက်ရန် ညွှန်ကြားထားသည်ဟု Myanmar Police CDM Channel - MPCCက ၎င်းတို့ရရှိထားသည့် ပြည်ထဲရေးဝန်ကြီးဌာန အကြောင်းကြားစာကို ထုတ်ဖော်ထားသည်။

အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ပြည်ထဲရေးဝန်ကြီးဌာနက ပြုလုပ်သည့် မဏ္ဍပ်တွင် စည်ကားစေရေးအတွက် ဌာနအသီးသီးရှိ အရာရှိများကို ကြီးကြပ်စေရန်အတွက် စာရင်းများ တောင်းခံလျက်ရှိကြောင်းလည်း အဆိုပါ‌စာတွင် ရေးထားသည်။

ယင်းအပြင် ပြည်ထဲရေးဝန်ကြီးဌာန သင်္ကြန်မဏ္ဍပ်ကို ဝန်ထမ်းများအ‌နေဖြင့် နေ့စဉ်မပျက်မကွက် အလှည့်ကျ လာရောက်ကြည့်ရှုရမည်ဟုလည်း အမိန့်ပေး ညွှန်ကြားထားသည်။

လက်ရှိတွင် အကြမ်းဖက်စစ်ကောင်စီသည် ၎င်းတို့ပြုလုပ်သည့် သင်္ကြန်ပွဲ စည်ကားသည်ဟု ဝါဒဖြန့်  အယောင်ပြနိုင်ရန် နည်းမျိုးစုံ ဖိအားများပေးကာ အပြင်းအထန်ကြိုးစားနေသည်။

ယမန်နေ့ ညနေ ၄ နာရီခွဲခန့်က ရန်ကုန်မြို့လယ် မြို့တော်ခန်းမရှေ့တွင် ဆောက်လုပ်ထားသည့် မြို့တော်ဝန်သင်္ကြန် မဏ္ဍပ်တွင် ဗုံးကွဲမှုဖြစ်ခဲ့သေးသည်။

မြန်မာနိုင်ငံအတွင်းရှိ ပင်မသပိတ်ကော်မတီများနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တော်လှန်ရေးကာလအတွင်း သင်္ကြန်ပွဲကို ဆင်နွဲခြင်းမပြုဘဲတော်လှန်ကြရန် မေတ္တာရပ်ခံ တိုက်တွန်းထားကြသည်။


Lu Nge Khit

ရဲသင်္ကြန်မဏ္ဍပ် စည်ကားရန် ဝန်ထမ်းများ မပျက်မကွက် သွားရမည်ဟု ပြည်ထဲရေးက စာဖြင့် ညွှန်ကြား ရဲသင်္ကြန်မဏ္ဍပ် စည်ကားရန် ဝန်ထမ်းများ မပျက်မကွက် သွားရမည်ဟု ပြည်ထဲရေးက စာဖြင့် ညွှန်ကြား Reviewed by THITHTOOLWIN on 07:22 Rating: 5

No comments:

Powered by Blogger.