မြောက်ဒဂုံနှင့် အရှေ့ဒဂုံမြို့နယ်တို့တွင် ပေါက်ကွဲမှုများဖြစ်၊ ပစ်ခတ်သံများ လည်းထွက်ပေါ် ရန်ကုန်တွင် လျှပ်စစ်မီးပြတ်တောက်နေ


ရန်ကုန်မြို့ မြောက်ဒဂုံနှင့်အရှေ့ဒဂုံမြို့နယ်တို့တွင် ငါးကြိမ်ထက်မနည်း ပေါက်ကွဲမှုများဖြစ်ပွားပြီးနောက် ပစ်ခတ်မှုများလည်းရှိခဲ့သည်ဟု ဒေသခံများက People's Springသို့ ပြောသည်။ 

ယနေ့(ဧပြီ ၁၁ရက်) ည ၇နာရီ ၁၀မိနစ်ကစ၍ မြောက်ဒဂုံနှင့် အရှေ့ဒဂုံမြို့နယ် အစပ် ပြည် ထောင်စုလမ်းမပေါ်၌ ပေါက်ကွဲမှုများဖြစ်ခဲ့သည်ဟု ဆိုသည်။

" ၇/၈ လမ်းဆုံနားမှာ စခ ကားနှစ်စီး ပိတ်ထားတယ်။ပြီးတော့ မဝတလမ်းဆုံးကို ဘယ်ရီဂိတ်တွေတားပြီးတော့ ပေးမသွားတော့ဘူး"ဟု မျက်မြင်တွေ့ရှိခဲ့သည် ဒေသခံတစ်ဦးက ပြောသည်။

အလားတူ ယနေ့ည ၈နာရီ ခွဲခန့်နှင့် ၉ နာရီ ၁၀မိနစ်ခန့်တွင်လည်း ပစ်ခတ်မှု ငါးကြိမ်ခန့် ကြားရသည်ဟုလည်း ၇/၈လမ်းဆုံအနီး နေထိုင်သူတစ်ဦးက ဆိုသည်။

ယနေ့ညတွင် မြောက်ဒဂုံနှင့် အရှေ့ဒဂုံမြို့နယ်များအပြင် ရန်ကုန်တစ်မြို့ လုံးနီးပါး  လျှပ်စစ်မီးများ ပြတ်တောက်နေသည်။

မတ်လနောက်ဆုံးပတ်က မြောက်ဒဂုံမြို့နယ်ရှိ Denko ဆီဆိုင်နှင့်  ၇/၈လမ်းဆုံအနီး ပြည် ထောင်စုလမ်းမပေါ်ရှိ KBZ ဘဏ်နှင့်ကပ်လျက် ATM စက်ကို ဖောက်ခွဲတိုက်ခိုက်မှုရှိထားသည်။


People's Spring 

မြောက်ဒဂုံနှင့် အရှေ့ဒဂုံမြို့နယ်တို့တွင် ပေါက်ကွဲမှုများဖြစ်၊ ပစ်ခတ်သံများ လည်းထွက်ပေါ် ရန်ကုန်တွင် လျှပ်စစ်မီးပြတ်တောက်နေ မြောက်ဒဂုံနှင့် အရှေ့ဒဂုံမြို့နယ်တို့တွင် ပေါက်ကွဲမှုများဖြစ်၊ ပစ်ခတ်သံများ လည်းထွက်ပေါ်  ရန်ကုန်တွင် လျှပ်စစ်မီးပြတ်တောက်နေ Reviewed by THITHTOOLWIN on 23:16 Rating: 5

No comments:

Powered by Blogger.