ဓာတ်ပုံ - မြို့နယ်အားကစားခန်းမ။ |
(ဧပြီ ၁၀)
သုံးခွမြို့နယ်တွင် ယနေ့ ဧပြီလ ၁၀ ရက်နေ့ နေ့လည်ပိုင်းတွင် ဗုံး ၄ လုံး ဆက်တိုက်ပေါက်ကွဲခဲ့ကြောင်း သိရပါသည်။ ပေါက်ကွဲခဲ့သည့်နေရာများမှာ ယနေ့နေ့လည် ၁၂ နာရီ ၂၀ မိနစ်က စစ်ကောင်စီတပ်သားများ တပ်စွဲထားသည့် မြို့နယ်အားကစားခန်းမတွင် ဗုံးတစ်လုံးခဲ့ပြီး တစ်ချိန်တည်းမှာပင် နေ့လည် ၁၂ နာရီ ၂၁ မိနစ်က အမှတ်(၁၁)ရပ်ကွက်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် နောက်ထပ် ဗုံးတစ်လုံး ထပ်မံပေါက်ကွဲခဲ့ကြောင်း သိရပါသည်။
ထို့နောက် နေ့လည် ၁၂ နာရီ ၄၉ မိနစ်က အမှတ်(၆)ရပ်ကွက် အုပ်ချုပ်ရေးမှူးအိမ် ဗုံးတစ်လုံးထပ်မံပေါက်ကွဲခဲ့ကြောင်း သိရပြီး နေ့လည် ၁၂ နာရီ ၅၇ မိနစ်က အမှတ်(၃)ရပ်ကွက်(နေရာအတိအကျမသိရှိရသေး)တွင် ဗုံးတစ်လုံးထပ်မံပေါက်ကွဲခဲ့ကြောင်း သိရပါသည်။
ထိုတိုက်ခိုက်မှုများကို ရန်ကုန်တိုင်း တောင်ပိုင်းခရိုင် မဟာမိတ်တပ်ပေါင်းစု(Fire Dragon) တပ်ဖွဲ့ဝင်များဖြစ်သော ခရမ်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF Khayan) နှင့် သုံးခွမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(Thongwa Youth Force - T.Y.F)မှ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း T.Y.F ထံမှ သိရပါသည်။
`ဒီနေ့နေ့လည်က စစ်ဆင်ရေးတွေလုပ်ခဲ့တယ်၊ သုံးခွမြို့ ၄ နေရာကို တိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပါတယ်။ ကျွန်တော်တို့ဘက်ကတော့ ထိခိုက်မှုမရှိခဲ့ပါဘူး´ ဟု T.Y.F တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယင်းဖြစ်စဥ်များကြောင့် မြို့နယ်အားကစားခန်းမရုံ နောက်ခေါင်အမိုးပွင့်ထွက်ခဲ့ပြီး အမှတ်(၆)ရပ်ကွက် အုပ်ချုပ်ရေးမှူးအိမ်လည်း ထိခိုက်မှု ပြင်းပြင်းထန်ထန် ရှိနေခဲ့ကြောင်း သုံးခွမြို့ပြည်သူများထံမှ သိရပါသည်။ ကျန်ထိခိုက်မှုများကို ဆက်လက်စုံစမ်းနေဆဲဖြစ်ပါသည်။
Khayan Channel
No comments:
Post a Comment