ဓာတ်ပုံ၊ TTA PDF |
ဧပြီ - ၂၆
မန္တလေးတိုင်း မလှိုင်မြို့ပေါ်က တရားရုံး၊ စည်ပင်ရုံးနဲ့ ထွေအုပ်ရုံးတို့ကို ဒီနေ့မွန်းလွဲပိုင်းမှာ ဗုံးထုခံခဲ့ရတယ်လို့ သိရပါတယ်။
မတရားသော ပုဒ်မတွေနဲ့ မတရားသောစီရင်ချက်တွေကို တုံ့ပြန်တဲ့အနေနဲ့ တရားရုံးကို ၄၀ မမ ဗုံးသီးတစ်လုံး၊ စည်ပင်သာယာရေးနဲ့ အထွေထွေအုပ်ချုပ်ရေးမှုးရုံးကြား ဖွံ့ဖြိုးမှု မဏ္ဍိုင်နဲ့ အုပ်ချုပ်မှု မဏ္ဍိုင် တည့်မတ်စေဖို့ ၄၀မမ ဗုံးသီးတစ်လုံးနဲ့ တိုက်ခိုက်ခဲ့တာလို့ တောင်သာ PDF က ဆိုပါတယ်။
တောင်သာမြို့နယ် တရားရုံး အပါအဝင် စစ်ခွေး ယန္တရားကို လည်ပတ်စေတဲ့ မည်သည့်ရုံးကိုမဆို အချိန်မရွေး ပစ်ခတ်တိုက်ခိုက်သွားမှာဖြစ်တယ်လို့ Non CDM များကို အသိပေးကြောင်းလည်း တောင်သာ PDF က ထုတ်ပြန်ထားပါတယ်။
ဗုံးထုတိုက်ခိုက်ခံရတဲ့ ရုံးတွေရဲ့ ထိခိုက်မှုအခြေအနေကိုတော့ မသိရသေးပါဘူး။
Mandalay Free Press - MFP
မလှိုင်မြို့နယ် တရားရုံး၊ စည်ပင်ရုံးနှင့် ထွေအုပ်ရုံးတို့ ဗုံးထုခံရ
Reviewed by THITHTOOLWIN
on
20:35
Rating:
No comments:
Post a Comment