ရဲစခန်းသိမ်းခံရပြီးလက်နက်များဆုံးရှုံးလိုက်ရတဲ့ စစ်ကောင်စီကအင်အားသုံးတိုက်ခိုက်လာ

ဓါတ်ပုံ-ကျင်းနယ်မြေခံရဲစခန်းမှသိမ်းဆည်းရခဲ့သည့် လက်နက်ခဲယမ်းနှင့် အသုံးအဆောင်များ

ထီးလင်း၊ ဧပြီ ၁၉၊ ၂၀၂၂။

မကွေးတိုင်း၊ ဂန့်ဂေါ်ခရိုင်၊ ထီးလင်းမြို့နယ်၊ ကျင်းကျေးရွာ နယ်မြေခံရဲစခန်းကို P.D.F-Htilin ကသိမ်းယူပြီး၊ လက်နက်နှင့်ခဲယမ်းမီးကျောက်အများအပြားဆုံးရှုံးခဲ့ရပြီးနောက် စစ်ကောင်စီက အင်အားအများအပြားသုံးကာ တိုက်ခိုက်မှုများကိုပြုလုပ်ခဲ့သည်။

စခန်းသိမ်းတိုက်ပွဲကို ဧပြီလ ၁၇ ရက်နေ့၊ နေ့လည်ကစတင်ခဲ့ပြီး လက်နက်တိုက်၊ ဂတ်စာရေး၊ အိမ်၊ ရုံးခန်းတို့ကို အဓိကထား တိုက်ခိုက်ခဲ့ကာ လက်နက်မချပဲပြန်လည်ခုခံခဲ့သည့် စခန်းမှူးရဲအုပ်တဦး သေဆုံးကာ၊ ရဲသား ၂ ယောက် ဒဏ်ရာအပြင်းအထန်ရခဲ့ပြီး တိုက်ပွဲမှာ ၁ နာရီခန့်ကြာမြင့်ခဲ့ကြောင်း People's Defence Force Htilin ထံကသိရသည်။

"ဝင်သိမ်းတာမှာလက်နက်တွေရလာတယ်၊ လင်းကင်းတွေအပေါ်ကလှမ်းပစ်နေကြတုန်းပဲ၊ ထွက်ပြေးတဲ့လူလည်းထွက်ပြေးတယ်၊ လက်နက်ချဖို့ ပြောတဲ့လူကပြောတယ်၊ လက်နက်ကြီးတွေပစ်ခတ်တော့မယ်ခြိမ်းခြောက်ပြီးတော့ စခန်းသိမ်းလိုက်ပါတယ်၊" ဟု P.D.F-Htilin မှဗိုလ်လရောင်ကပြောသည်။

အဆိုပါတိုက်ပွဲအပြီး ညနေပိုင်းတွင်လည်း ရေဖြူကျေးရွာအနီး ကပစ ၂၄ မှ အင်အား ၂၀၀ ခန့်ဖြင့် စစ်ကြောင်း ၃ ကြောင်းခွဲကာ တက်လာသော စစ်ကောင်စီတပ်သားများနှင့် P.D.F-Htilin ရဲဘော်များထိတွေ့မှုရှိကာ တိုက်ပွဲဖြစ်ပွားခဲ့သည်။

"အပြန်အလှန်ပစ်ခတ်မှုဖြစ်တယ်၊၁၅ မိနစ်လောက်ကြာတယ်၊ပြီးတော့ပြန်ဆုတ်လာခဲ့တယ်၊ အဲဒီမှာ ကျနော့် PDF က ၃ ဦးနဲ့ ပကဖ ကရဲဘော် ၂ ဦးပိတ်မိနေခဲ့တယ်၊ညတွင်းချင်းလက်နက်ကြီး ၆၀ နဲ့ပစ်ပြီးတော့ ကာဗာလုပ်ပြီးတော့ ရဲဘော်တွေကိုပြန်ခေါ်ထုတ်နိုင်ခဲ့တယ်၊" ဟု ဗိုလ်လရောင်ကပြောသည်။

အလားတူ ဧပြီလ ၁၈ ရက်နေ့နှင့် ယနေ့ဧပြီလ ၁၉ ရက်နေ့များတွင်လည်း စစ်ကောင်စီက အင်အားသုံးတိုက်ခိုက်ခြင်း၊ ပြည်သူ့ကာကွယ်ရေးတပ်၏ လက်နက်ကြီးထုတ်လုပ်ရာ စခန်းကို ဝင်ရောက်မီးရှို့ခြင်း၊ ရွာများကိုမီးရှို့ခြင်းများပြုလုပ်ခဲ့ပြီး P.D.F-Htilin ဘက်မှလည်း မိုင်းခွဲခြင်း၊ စောင့်ဆိုင်းပစ်ခတ်ခြင်းများကို ပြုလုပ်နေကြကြောင်း သိရသည်။


မြေလတ်အသံ - Myaelatt Athan 

ရဲစခန်းသိမ်းခံရပြီးလက်နက်များဆုံးရှုံးလိုက်ရတဲ့ စစ်ကောင်စီကအင်အားသုံးတိုက်ခိုက်လာ ရဲစခန်းသိမ်းခံရပြီးလက်နက်များဆုံးရှုံးလိုက်ရတဲ့ စစ်ကောင်စီကအင်အားသုံးတိုက်ခိုက်လာ Reviewed by THITHTOOLWIN on 22:22 Rating: 5

No comments:

Powered by Blogger.