ဓာတ်ပုံ - မန္တလေးရှိ "စ"သုံးလုံးရုံးအား ယခင်ကတွေ့ရစဉ် |
မန္တလေး၊ ဧပြီ (၁)
မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ အောင်နန်းရိပ်သာအနောက်ရပ်ကွက်ရှိ "စ"သုံးလုံး အငြိမ်းစားဦးဝင်းနိုင်ဆိုသူ သေနတ်နှင့် ပစ်သတ်ခံရ၍ သေဆုံးသွားကြောင်း မြို့ခံများထံက သိရသည်။
ယမန်နေ့ ညနေက အောင်နန်းရိပ်သာအနောက်ရပ်ကွက်၊ (၃၁) လမ်းနှင့် (၈၆) လမ်း ရွှေတချောင်းအနီးရှိဓာတ်မြေဩဇာနှင့် မြေဆီရောင်းဝယ်ရေးဆိုင်ရှင် အသက်(၅၀)ကျော်အရွယ် ဦးဝင်းနိုင်ဆိုသူမှာ ဆိုင်ရှေ့ ရှိနေချိန် အပစ်ခံခဲ့ရခြင်းဖြစ်သည်ဟု ဆိုသည်။
၎င်းကို အမျိုးသား (၂) ဦးက ဆိုင်ကယ်နှင့် ရောက်လာပြီး သေနတ်ဖြင့် (၃) ချက် ပစ်ခတ်ခဲ့ရာ ရင်အုံ၌ နှစ်ချက်ထိမှန်ပြီးသေဆုံးသွားကြောင်း သိရသည်။
" 'စ'သုံးလုံး ငြိမ်းဆိုတော့ သတင်းပေးတွေဘာတွေလုပ်လို့ရှင်းတာနေမှာ။ ကျွန်တော်ကတော့ သိပ်မသိဘူးဗျ။သတင်းပေး ဒလန်ဟုတ်မဟုတ်ကို။"ဟု ရက်ကွက်နေပြည်သူတစ်ဦးက လူငယ့်ခေတ်သို့ ပြောသည်။
ထိုကိစ္စကို မည်သည့် ပုဂ္ဂိုလ်၊ မည်သည့်အဖွဲ့အစည်းက ပြုလုပ်သည်ကိုမူ မသိရသေးပေ။
ဦးဝင်းနိုင် အသတ်ခံရပြီးနောက် စစ်ကောင်စီတပ်များရောက်ရှိလာကာ လမ်းများပိတ်ဆို့ပြီး ပစ်ခတ်မှုများပြုလုပ်ခဲ့ကြောင်းလည်း ရပ်ကွက်နေပြည်သူများထံက သိရသည်။
Lu Nge Khit
No comments:
Post a Comment