ရွှေဘို ဇီးဖြူကုန်းရွာထဲ အထိုင်ချပြီး သောင်းကျန်းနေတဲ့ စစ်အုပ်စုကို ဗုံးထုတိုက်ခိုက်၊ သုံးဦး ထိဟုဆို


ဧပြီ - ၁၃

ရွှေဘိုမြို့နယ် ဇီးဖြူကုန်းရွာထဲ စီးနင်းဝင်ရောက် အထိုင်ချကာ လုယက်သောင်းကျန်းနေတဲ့ စစ်အုပ်စုကို ဒီကနေ့ ဧပြီ(၁၃)ရက် သင်္ကြန်အကြိုနေ့မှာ နှစ်သစ်ကူး လက်ဆောင်အဖြစ် ဒရုန်းသုံးပြီး ဗုံးထု တိုက်ခိုက်ခဲ့ရာ စစ်အုပ်စု သုံးဦး ထိတယ်လို့ ရွှေဘို ဗိုလ်မိချောင်းအဖွဲ နှင့် ကျားပျံအဖွဲ - C&T SHWEBO က သတင်းထုတ်ပြန်ပါတယ်။

ဒီကနေ့ မနက်ပိုင်းအချိန် ရွှေဘိုနယ် ဇီးဖြူကုန်းရွာထဲ ရှိနေတဲ့ စစ်အုပ်စုကို C&T SHWEBO ၊ SNAKE EYES - PDF ၊ PEOPLE DEFENCE FORCE - SHWEBO ၊  Alpha 7၊ ဗိုလ်ကျားရိုင်းအဖွဲ့ (ပ.က.ဖ ) ၊ ဒေါင်းမာန်အဖွဲ့  နှင့် တပ်ပေါင်းစု(၂)တို့ ပူးပေေေါင်းပြီး သွားရောက် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“စခနှင့်ပျူ သုံးကောင် ပြင်းထန်ဒဏ်ရာရ၍ မိမိတို့ ကာကွယ်ရေး အဖွဲ့အစည်းများလည်း ထုံးစံအတိုင်း အထိအခိုက်မရှိ အောင်မြင်စွာ ပြန်လည် ဆုတ်ခွာနိုင်ခဲ့သည်” လို့ C&T SHWEBO က ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ မတ်(၉)ရက်ကလည်း ဇီးဖြူကုန်းရွာထဲ အထိုင်ချသောင်းကျန်းနေတဲ့ စစ်အုပ်စုကို ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက ဒရုန်းသုံးပြီး ဗုံးထု တိုက်ခိုက်ခဲ့ပါသေးတယ်။

စစ်အုပ်စုဟာ ဖေဖေါ်ဝါရီ(၂၅)ရက်က ရွှေဘိုမြို့နယ် ဇီးဖြူကုန်းရွာနဲ့ နှမစားရစ်ရွာတွေကို အကြမ်းဖက် စီးနင်းပြီး ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးကာ အဲ့ဒီရွာတွေထဲ အထိုင်ချနေတာ ဖြစ်ပါတယ်။ ဇီးဖြူကုန်းရွာနှင့် နှမစားရင်းရွာကို လက်နက်အားကိုးနဲ့ အကြမ်းဖက်စီးနင်း မီးရှို့တဲ့ စစ်အုပ်စုဟာ ဒေသခံ ပြည်သူ့ရဲဘော် (၁၅)ဦးနှင့် သက်ကြီးရွယ်အို အဘိုးအဘွား (၈)ဦး၊ စုစုပေါင်း (၂၃)ဦးကို သတ်ဖြတ်ခဲ့ပါတယ်။


Mandalay Free Press - MFP

ရွှေဘို ဇီးဖြူကုန်းရွာထဲ အထိုင်ချပြီး သောင်းကျန်းနေတဲ့ စစ်အုပ်စုကို ဗုံးထုတိုက်ခိုက်၊ သုံးဦး ထိဟုဆို ရွှေဘို ဇီးဖြူကုန်းရွာထဲ အထိုင်ချပြီး သောင်းကျန်းနေတဲ့ စစ်အုပ်စုကို ဗုံးထုတိုက်ခိုက်၊ သုံးဦး ထိဟုဆို Reviewed by THITHTOOLWIN on 19:19 Rating: 5

No comments:

Powered by Blogger.