ရွာငံမြို့နယ် ပဲရင်းတောင်ကျေးရွာမှ ပြည်သူ (၃)ဦး ထပ်မံသတ်ဖြတ်ခံရ

ပုံစာ-စစ်ကောင်စီ သတ်လိုက်သည့် ပြည်သူများပုံ 

ဧပြီ (၂၃) ရက်

သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် ပဲရင်းတောင်ကျေးရွာတွင် ယမန်နေ့ (ဧပြီ ၂၂)ရက် မနက်ပိုင်းတွင် ရွာသား (၃) ဦး ကို စစ်ကောင်စီက ထပ်မံသတ်ဖြတ်လိုက်ကြောင်း သတင်းသိရသည်။

ယမန်နေ့ မနက်ပိုင်းတွင် ရွာသား(၆) ဦးကို စစ်ကောင်စီကသတ်ဖြတ်ခဲ့ပြီးနောက် အသက်(၅၀)ဝန်းကျင်အရွယ် ရွာသား(၃)ဦးကို ထပ်မံသတ်ဖြတ်လိုက်ကြောင်း သိရသည်။ 

ထိုသတ်ခံရသူများမှာ ကိုဗထူး ၊ ကိုဖိုးပြောင်နှင့် ကိုလှရွှင်တို့ဖြစ်ပြီး အသတ်မခံရခင် စစ်ကောင်စီ မှ ၂ ရက် ကြာချုပ်နှောင်ခြင်းကိုခံခဲ့ရကြောင်း ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

"စစ်ကောင်စီဘက်မှ PDF ဟု စွပ်စွဲပြီး သတ်လိုက်တာ၊ သူတို့မှာ ဘာလက်နက်မှမရှိဘူး။သေဆုံးသူများကို စစ်ကောင်စီက မသတ်ဖြတ်မီ ရွာဘုန်းကြီးကျောင်းတွင် ၂ ရက်ခန့် ချုပ်နှောင်ခဲ့သေးတယ်" ဟု ပဲရင်းတောင် ဒေသခံတစ်ဦးက ဆိုသည်။

ရွာငံမြို့နယ် အတွင်း စစ်ကောင်စီအုပ်စုသည် ယခုရက်ပိုင်း လက်နက်ကြီး၊လက်နက်ငယ်ဖြင့် ပစ်ခတ်နေပြီး၊ အပြစ်မဲ့ပြည်သူများကို ဖမ်းဆီးကာ သတ်ဖြတ်နေကြောင်း သိရသည်။


SHAN News (Burmese Version) 

ရွာငံမြို့နယ် ပဲရင်းတောင်ကျေးရွာမှ ပြည်သူ (၃)ဦး ထပ်မံသတ်ဖြတ်ခံရ ရွာငံမြို့နယ် ပဲရင်းတောင်ကျေးရွာမှ ပြည်သူ (၃)ဦး ထပ်မံသတ်ဖြတ်ခံရ Reviewed by THITHTOOLWIN on 23:39 Rating: 5

No comments:

Powered by Blogger.