တောင်ပျောက်နယ်ကို စစ်ကြောင်းထိုးလာချိန် စီစဉ်သတ်မှတ်ပေးတဲ့အတိုင်း တိမ်းရှောင်ပေးကြဖို့ ဒေသခံတွေကို ဒေါင်းမင်းစစ်ဆင်ရေး တိုက်တွန်း


တနင်္သာရီတိုင်းမ်၊ ဧပြီ ၁၃ 

သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ်က ဒေသခံတွေကို  ကိုယ့်သဘောဆန္ဒနဲ့ကိုယ် ရှောင်တိမ်းတာမလုပ်ဘဲ လုံခြုံရေးအတွက် စီစဉ်သတ်မှတ်ပေးထားတဲ့ နေရာ တွေမှာဘဲ နေဖို့ နယ်မြေခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဒေါင်းမင်းစစ်ဆင်ရေးက အသိပေးချက်ထုတ်ပြန်လိုက်ပါတယ်။ 

စစ်ကောင်စီတပ်တွေဟာ တောင်ပျောက်တိုက်နယ်ထဲကို ၅ရက်အကြာ စစ်ကြောင်းထိုးဝင်ရောက်ခဲ့စဉ်က ပြည်သူတွေကိုဖမ်းဆီးတာတွေ၊  လူသားဒိုင်းအဖြစ် အကာအကွယ်ယူပြီး ရွာထဲဝင်လာတာတွေ လုပ်ခဲ့တဲ့အတွက် နောက်တစ်ကြိမ် အခုလို မဖြစ်စေဖို့၊ ကိုယ့်သဘောနဲ့ကိုယ်‌ ရှောင်တိမ်းတာမလုပ်ဖို့အသိပေးတာလို့ ဒေါင်းမင်းစစ်ဆင်‌ရေးအဖွဲ့က ဆိုပါတယ်။ 

ဒေသခံတွေရဲ့လုံခြုံရေးအတွက်အန္တရာယ်ကင်းတဲ့နေရာတွေ စီစဉ်ထားပြီး စီစဥ်သတ်မှတ်ပေးတဲ့အတိုင်းပြောင်းရွှေ့ပေးကြဖို့ တိုက်တွန်းထားပါတယ်။ 

‌စစ်ကောင်စီတပ်ဟာ တောင်ပျောက်တိုက်နယ်ထဲကို မတ်လ (၃၀)ရက်နေ့ ကနေ ဧပြီလ(၃)ရက်နေ့အထိ ဝင်ရောက်ခဲ့စဉ်က ပြည်သူ(၃၀)ဦးကို လူသားဒိုင်းလုပ်ခဲ့ပြီး နေအိမ်၁၅လုံး၊ စပါးကျီ၊ ကွမ်းသီးတဲ၊ ဈေးဆိုင်နဲ့ ဆိုင်ကယ်တွေကိုမီးရှို့ဖျက်ဆီးခဲ့ပါတယ်။ ရွှေသားနဲ့ငွေတွေကိုပါယူသွားခဲ့တဲ့အပြင် ပြည်သူ(၂)ဦးကိုလည်း ပစ်သတ်ခဲ့ပါတယ်။ 


The Tanintharyi Times


တောင်ပျောက်နယ်ကို စစ်ကြောင်းထိုးလာချိန် စီစဉ်သတ်မှတ်ပေးတဲ့အတိုင်း တိမ်းရှောင်ပေးကြဖို့ ဒေသခံတွေကို ဒေါင်းမင်းစစ်ဆင်ရေး တိုက်တွန်း တောင်ပျောက်နယ်ကို စစ်ကြောင်းထိုးလာချိန် စီစဉ်သတ်မှတ်ပေးတဲ့အတိုင်း တိမ်းရှောင်ပေးကြဖို့ ဒေသခံတွေကို ဒေါင်းမင်းစစ်ဆင်ရေး တိုက်တွန်း Reviewed by THITHTOOLWIN on 19:23 Rating: 5

No comments:

Powered by Blogger.