မန္တလေး၊ ဧပြီ ၅
စစ်ကောင်စီ လက်အောက်ခံကျန်းမာရေး ဝန်ကြီးဌာနမှ ဒေါက်တာခင်ခင်ကြီးကို CDM ၀န်ထမ်းများအပေါ် ဖိနှိပ်ခြင်းနှင့် စစ်ကောင်စီအလိုကျ လိုက်နာဆောင်ရွက်နေခြင်းကို ရပ်တန့်ရန် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ဧပြီလ ၅ ရက်တွင် သတိပေးခဲ့သည်။
ဒေါက်တာ ခင်ခင်ကြီးသည် စစ်ကောင်စီတပ်မှ ဗိုလ်မှူးတစ်ဦး၏ ဇနီးဖြစ်ပြီး CDM ဆရာဝန်များကိုဖိအားမပေးရန် မှော်ဘီတော်လှန်ရေး အင်အားစုများက မတ်လ ၂၃ ရက်က တစ်ကြိမ် သတိပေးခြင်းခံရဖူးသူဖြစ်သည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) နှင့် မိတ်ဖက် PDF အဖွဲ့များသည် စစ်ကောင်စီရှိ ကျန်မာရေးဌာနတာ၀န်ရှိသူများနှင့် အကျင့်ပျက်၀န်ထမ်းများကို ရှင်းလင်းရန် ရဲဘော် များကို ပစ်မိန့်ပေးထားပြီးဖြစ်သည်။
ဒေါက်တာခင်ခင်ကြီးသည် အရပ်သားအစိုးရ လက်ထက်တွင် ကိုဗစ်ဒုတိယလှိုင်းအတွက် ပြန်ကြားရေးတာ၀န်ကို ရယူခဲ့ခြင်းဖြင့် လူသိများပြားလာသူဖြစ်သည်။ လက်ရှိအချိန်တွင် ၎င်းသည် စစ်ကောင်စီ ၏ ကျန်းမာရေးဌာနတွင် ညွှန်ကြားရေးမှူးအဖြစ် ဆက်လက်တာ၀န်ထမ်းဆောင်နေသည်။
အမျိူးသားညွှတ်ရေးအစိုးရ NUG ကမူဒေါက်တာခင်ခင်ကြီးကို စစ်ကောင်စီ လက်အောက်တွင် တာ၀န်ထမ်းဆောင်နေသည့်အတွက် ၂၀၂၁ ခုနှစ် မေလတွင် တာ၀န်မှ ထုတ်ပယ်ခဲ့သည်။
Lu Nge Khit
No comments:
Post a Comment