မုံရွာ-စစ်ကိုင်းလမ်းပိုင်း၌ စစ်ကောင်စီယာဉ် (၂) စီး ယနေ့မိုင်းဆွဲခံရ၍ လူနာတင်ကားများဖြင့်ခေါ်ဆောင်ရ


ချောင်းဦး၊ ဧပြီ (၁၉)

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် ​မုံရွာ - စစ်ကိုင်းလမ်းပိုင်းပေါ် ယနေ့ မနက်ပိုင်းဖြတ်သန်းလာသည့် အကြမ်းဖက်စစ်ကောင်စီကားကို မြောင် တော်လှန်ရေး အဖွဲ့ (၂) ဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ​မြောင်မြို့နယ် TGR ပြည်သူ့ကာကွယ်ရေးတပ်မှ သိရသည်။

"ကားနှစ်စီးအင်အား (၆၀) လောက်ရှိမယ်။ အချိန်ကတော့  ၇ နာရီ မိနစ်၂၀ လောက်မှာပါ။ မိုင်းထောင်ထားတာကတော့ (၂၀) လောက်ရှိမယ်။ အကုန်မဆွဲလိုက်ရဘူး (၅) လုံး (၆) လုံးလောက်ရှိမယ်။ စခတွေလူနာတင်ယာဥ်  (၂) စင်းနဲ့ တင်သွားတာ တွေ့ရတယ်။"ဟု မြောင်မြို့နယ် TGR ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ သင်တန်းမှူး ကိုဘကောင်းက လူငယ့်ခေတ်သို့ ပြောသည်။

ထိုတိုက်ခိုက်မှုကို ​မြောင်မြို့နယ် TGR ပြည်သူ့ကာကွယ်ရေးတပ်နှင့် မြောင်မြို့နယ်  ဗိုလ်နေတိုး အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"အသေအပျောက်ကိုတော့စုံစမ်းနေတယ် ထိတာတော့ သေချာတယ်။ လူနာတင်ကားတွေပေါ်တင်သွားတာ သူတို့ဖက်ကလည်းပြန်ပစ်တယ်။" ဟု  ကိုဘကောင်းက​ ပြောသည်။

အဆိုပါတိုက်ခိုက်မှု၌ တော်လှန်ရေးရဲဘော်များဘက်က အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။


Lu Nge Khit

မုံရွာ-စစ်ကိုင်းလမ်းပိုင်း၌ စစ်ကောင်စီယာဉ် (၂) စီး ယနေ့မိုင်းဆွဲခံရ၍ လူနာတင်ကားများဖြင့်ခေါ်ဆောင်ရ မုံရွာ-စစ်ကိုင်းလမ်းပိုင်း၌ စစ်ကောင်စီယာဉ် (၂) စီး ယနေ့မိုင်းဆွဲခံရ၍ လူနာတင်ကားများဖြင့်ခေါ်ဆောင်ရ Reviewed by THITHTOOLWIN on 22:37 Rating: 5

No comments:

Powered by Blogger.