တောင်ပျောက်တိုက်နယ်မှာ စစ်ကောင်စီတပ်တွေ နေအိမ် ၁၅ လုံးကို မီးရှို့ခဲ့တဲ့အပြင် ကား၊ ဆိုင်ကယ်တွေကိုလည်းမီးရှို့ဖျက်ဆီးခဲ့၊ ငွေသားနဲ့ ရွှေတွေယူသွား
ဓာတ်ပုံ - CJ |
တနင်္သာရီတိုင်းမ်၊ ဧပြီ ၄
တောင်ပျောက်တိုက်နယ်ထဲကို စစ်ကြောင်းထိုးဝင်ရောက်ခဲ့တဲ့စစ်ကောင်စီတပ်တွေဟာ ပြည်သူတွေရဲ့နေအိမ် ၁၅ ဆောင်ကို မီးရှို့ဖျက်ဆီးခဲ့တဲ့အပြင် ကားဆိုင်ကယ်တွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
ဝင်းကဖော်ရွာမှာ နေအိမ် ၁၀ လုံး၊ စျေးဆိုင် ၁ ဆိုင်ဆိုင်ကယ်ပြင်ဆိုင် ၁ ဆိုင်၊ဆိုင်ကယ် ၂ စီး ကိုမီးရှို့ခဲ့ပြီး ငွေကျပ်သိန်း ၄၀ နဲ့ ရွှေဆွဲကြိုးတွေယူဆောင်သွားခဲ့တယ်လို့ မြေပြင်မှာ စစ်ဘေးရှောင်ရေးကူညီနေတဲ့ ဒေါနတနင်္သာရီအဖွဲ့ကနေသိရပါတယ်။
ကျောက်အိုင်ရွာမှာ နေအိမ် ၃ လုံး၊ စပါးကျီ ၁ လုံးကွမ်းသီးတဲ ၂ လုံး၊ ဆိုင်ကယ် ၈ စီးနဲ့ ကား ၁ စီး တို့ကိုမီးရှို့ခဲ့ပြီး ငွေကျပ် သိန်း ၂၀၀နဲ့ ရွေ ၃ကျပ်သား မီးထဲပါသွားခဲ့တယ်လို့သိရပါတယ်။
အလားတူ မယ်ကဲ ကျေးရွာမှာလည်း နေအိမ်နှစ်လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေါနတနင်္သာရီအဖွဲ့ကနေသိရပါတယ်။
စစ်ကောင်စီတပ်တွေဟာ တောင်ပျောက်တိုက်နယ်မှာ စုစုပေါင်း နေအိမ် ၁၅ လုံး၊ စျေးဆိုင် ၁ ဆိုင်၊ ဆိုင်ကယ်ပြင်ဆိုင် ၁ ဆိုင်၊ ကွမ်းသီးတဲ နှစ်လုံး၊ စပါးကျီ ၁ လုံး၊ ကားတစ်စီးနဲ့ဆိုင်ကယ် ၁၀ စီးကိုမီးရှို့ဖျက်ဆီးခဲ့ကြတာပါ။
"နေအိမ်မီးရှို့ခံရတဲ့သူတွေကတော့ စစ်တပ်ကိုအရမ်း စိတ်နာနေကြတယ်။ မယ်ကဲရွာက ဦးလေးတစ်ယောက်ဆို စိတ်ဓာတ်ကို မီးရှို့လို့မရဘူးလို့ကျုံးဝါးတယ်" လို့ဒေါနတနင်္သာရီအဖွဲ့ကပြောပါတယ်။
အခုလက်ရှိမှာစစ်ဘေးရှောင် တချို့ကနေရပ်ပြန်နေကြပြီး နေအိမ်မီးရှို့ခံရတဲ့သူတွေနဲ့ စစ်တပ်ရဲ့ရှေ့တန်းစခန်းဖြစ်တဲ့ သဲချောင်းကြီးနဲ့ နီးတဲ့ရွာကသေခံတွေကတော့ မပြန်သေးဘူးလို့သိရပါတယ်။
စစ်ကောင်စီတပ်တွေဟာ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်က တောင်ပျောက်တိုက်နယ်ကို မတ်လ ၃၀ ရက်နေ့မနက်စောစောမှာ ဝင်ရောက်လာခဲ့ပြီး ဧပြီလ ၃ ရက်ညမှာ သဲချောင်းကြီးရွာကို ပြန်ထွက်သွားကြတယ်လို့ဒေသခံတွေရဲပြောဆိုချက်တွေအရသိရပါတယ်။
တောင်ပျောက်တိုက်နယ်ထဲကို စစ်ကြောင်းထိုးချိန်မှာ ရွာသား ၃၀ ဝန်းကျင်ကို ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ်အသုံးပြုခဲ့တယ်လို့သိရပါတယ်။
ဖမ်းဆီးထားသူတွေအနက် နှစ်ဦးကို ထားဝယ်မြို့အထိ ဖမ်းဆီးခေါ်ဆောင်သွားပြီး ကျန်တဲ့သူတွေကိုတော့ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ တောင်ပျောက်တိုက်နယ်က ပြည်သူနှစ်ဦးကိုလည်း ပစ်သတ်ခဲ့ပါတယ်။
The Tanintharyi Times
No comments:
Post a Comment