မြို့သစ်၊ ဧပြီ ၂၉၊ ၂၀၂၂။
မကွေးတိုင်း၊ မြို့သစ်မြို့ က စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးကို နောက်ကွယ်က ကြိုးကိုင်ပေးနေတဲ့ သမီးဖြစ်သူကို ဧပြီလ၂၉ရက် ဒီနေ့မနက်၁နာရီလောက်က သုတ်သင်ရှင်းလင်းခဲ့တယ်လို့ ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
မကြီးချို(တောင်)ကျေးရွာက သူ့ရဲ့နေအိမ်မှာပဲ သုတ်သင်ခဲ့တာဖြစ်ပြီး အဖေဖြစ်သူက သေနတ်နဲ့ ပြန်ပစ်ခဲ့လို့ သမီးဖြစ်သူ မအေးဌေးယုကိုပဲ ရှင်းနိုင်ခဲ့တယ်လို့ ဗိဿနိုးPDFက တာဝန်ရှိသူက ပြောပါတယ်။
" အဖေရော သမီးရောသုတ်သင်ဖို့သွားခဲ့တာ သမီးရှင်းတဲ့အချိန် အဖေနဲ့သားတွေက သေနတ်နဲ့ပြန်ပစ်လို့ ဆုပ်ခဲ့ရတယ်၊ သူ့အဖေက လက်ရှိအုပ်ကြီးပေါ့ ၊ ပျူစောထီးလိုပဲ သူတို့တွေကို သေနတ်တွေပေးထားကြတယ် သူတို့လည်း ဒီတိုင်းဆက်ပြီး စကစတာ၀န်တွေယူပြီး ရွာမှာဆက်ကြေးကောက်နေမယ်ဆိုရင် နေ့ညမရွေး ငရဲပြည်ပို့ပေးမှာဖြစ်တယ် "လို့ ဗိဿနိုးPDFက တာဝန်ရှိသူက ပြောပါတယ်။
မကြီးချို(တောင်)ရွာအုပ်ကြီး ဆယ်မောင်၊ မကြီးချို(မြောက်)ရွာအုပ်ကြီး ရွှေမန်း နဲ့ ကျော်ဌေး ဆိုသူကတော့ အုပ်ကြီးတွေနောက် လိုက်ပြီး ဆက်ကြေးကောက်တဲ့သူဖြစ်တာကြောင့် ရှေ့ဆက်ပြီး ဆက်လုပ်နေမယ်ဆိုရင် ရှင်းလင်းသွားမှာဖြစ်တယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၂၇ရက်နေ့ မနက် ၇ နာရီလောက်ကလည်း မြို့သစ်မြို့ ဖိုးကုန်းကျေးရွာက ပျူစောထီးအောင်ဘောကို ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်က သုတ်သင်ခဲ့ပါသေးတယ်။
မြေလတ်အသံ - Myaelatt Athan
No comments:
Post a Comment