မန္တလေးမြို့ပြ ပြောက်ကျားတပ်ဖွဲ့များ၏ စစ်ဆင်ရေးနှစ်ဆမြှင့်တင်မှု စတင်၊
ဧပြီ - ၁
မန္တလေးအခြေစိုက် မြို့ပြပြောက်ကျားတပ်ဖွဲ့များ၏ စစ်ဆင်ရေး နှစ်ဆမြှင့်တင်မှု စတင်နေပြီဖြစ်ကြောင်း သတင်းရရှိသည်။
စစ်ရေးလှုပ်ရှားမှုများအဖြစ် ယနေ့ ဧပြီလ (၁)ရက် ညနေပိုင်း၌ ၄၃ လမ်း၊ ၆၅ × ၆၆ ကြားရှိ မဟာအောင်မြေမြို့နယ် ထွေအုပ်ရုံးတွင် တပ်စွဲထားသည့် စစ်အုပ်စုကို သေနတ်ဖြင့် နှစ်ချက်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ နောက်ဆက်တွဲ ထိခိုက်သေဆုံးမှု အခြေအနေ မသိရသေးဟု တပ်ပေါင်းစုများက ထုတ်ပြန်သည်။
ယင်းအပြင် ည (၈း၂၀) နာရီခန့်ကလည်း ၃၃ လမ်း × ၈၇(D) လမ်းထောင့်ရှိ ပြည်ကြီးပျော်ဘွယ်အနောက်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် တပ်စွဲထားသည့် စစ်အုပ်စုကို ဝင်ရောက်ပစ်ခတ်ရာ စကစ လေးဦးကို ထိမှန်ပြီး သုံးဦးမှာ ပွဲချင်းပြီး သေဆုံးခဲ့သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
Justice Mandalay PDF မှာ ရဲဘော်ရာဟု ဆိုသူ၌ မစိုးရိမ်ရဒဏ်ရာ ရရှိခဲ့ပြီး ရဲဘော်အားလုံး ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့သည်ဟုလည်း ထုတ်ပြန်ထားသည်။
" မြို့ပြ UG တပ်ပေါင်းစု များ စစ်ဆင်ရေးနှစ်ဆမြှင့်တင်မူ များ စတင်နေပါပြီ။ အားလုံးရဲ့ ကူညီထောက်ပံ့မူများလည်း လိုအပ်ပါတယ်။ အများကြီး မရေးတော့ပါဘူး။ အလုပ်နဲ့ သက်သေပြပါ့မယ် " ဟု ဗိုလ် justice က ပြောဆိုထားသည်။
ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးပျော်ဘွယ်အနောက် ရပ်ကွက်ရှိ စစ်အုပ်စုကို အမည်မသိအမျိုးသား (၂) ဦး ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီးသေနတ်ဖြင့် ငါးချက်ခန့်ပစ်ခတ်သဖြင့် စစ်အုပ်စုဘက်ကလည်း ပြန်လှန်ပစ်ခတ်ကာ ထိခိုက်မှုမရှိခဲ့ကြောင်း စစ်အုပ်စုနှင့် နီးစပ်သည့် MFP သတင်းရင်းမြစ်က ပြောသည်။
ယင်းအပြင် ည (၈)နာရီခွဲခန့်တွင်လည်း မဟာအောင်မြေမြို့နယ် မဟာနွယ်စဉ်ရပ်ကွက် ၃၆လမ်း၊ ၆၉×၇၀လမ်းကြားရှိ စည်ပင်ဝန်ထမ်းအိမ်ယာတွင် လက်လုပ်ဗုံးပေါက်ကွဲခဲ့ပြီး ထိခိုက် မှု မရှိခဲ့ကြောင်း စစ်အုပ်စုနှင့် နီးစပ်သူများက ဆိုသည်။
မြို့ပြ စစ်ဆင်ရေး နှစ်ဆမြှင့်မည်ဟု မန္တလေး UG တပ်ပေါင်းစုများက မတ်လ (၂၉)ရက်နေ့တွင် ကြေညာခဲ့ပြီးနောက် မန္တလေးမြို့ပေါ်ရှိ စစ်အုပ်စု တပ်စွဲနေရာများကို တိုက်ခိုက်ခံနေရခြင်း ဖြစ်သည်။
Mandalay Free Press - MFP
No comments:
Post a Comment