ပေါက်မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲမှာ စစ်ကောင်စီနဲ့ပျူစောထီး ၇ ဦးသေ


ဧပြီ ၂၆၊ ၂၀၂၂

မကွေးတိုင်း ပေါက်မြို့နယ်၊ ရွှေဘုံသာရွာမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေကို ပခုက္ကူ တော်လှန်ရေးတပ်ဦး (PRF) ၊ Pakokku Generation Z နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (ပေါက်မြို့နယ် )တို့ ပူးပေါင်းပြီး ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့နဲ့ ပျူ (၇)ဦး သေဆုံးပြီး ဒဏ်ရာရသူ အများအပြားရှိခဲ့တယ်လို့ ပခုက္ကူတော်လှန်ရေးတပ်ဦး (P.R.F)က ပြောပါတယ် ။

ဧပြီ ၂၅ ရက်နေ့မှာ ဖြစ်ပွါးခဲ့တဲ့ တိုက်ပွဲမှာ မိနစ် ၃၀ ခန့်နှစ်ဖက်အပြန်အလှန် ပစ်ခတ်ခဲ့ကြပြီး ပြည်သူ့ကာကွယ်ရေး တပ်ပေါင်းစုအနေနဲ့ အထိအခိုက်မရှိ အောင်မြင်စွာ တိုက်ခိုက်နိုင်ခဲ့ပါတယ် ။ 

 စစ်ကိုင်းတိုင်းရှိ ပေါက်မြို့နယ်က ကျေးရွာတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီး တွေပူးပေါင်းပြီး အကြမ်းဖက် ရွာလံုးကျွတ် မီးရှို့တာတွေ ၊ ပြည်သူတွေရဲ့ ပစ္စည်းတွေကို လုယက်ဖျက်ဆီးတာတွေနဲ့ အကြမ်းဖက် ဖမ်းဆီးသတ်ဖြတ်တာတွေ ပြုလုပ်နေပါတယ် ။


Salween Press

ပေါက်မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲမှာ စစ်ကောင်စီနဲ့ပျူစောထီး ၇ ဦးသေ ပေါက်မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲမှာ စစ်ကောင်စီနဲ့ပျူစောထီး ၇ ဦးသေ Reviewed by THITHTOOLWIN on 20:18 Rating: 5

No comments:

Powered by Blogger.