စစ်ကောင်စီအထိုင်စခန်းကို တိုက်ခိုက်စဥ် တော်လှန်ရေးရဲဘော် ၂ ဦးကျဆုံးပြီး စစ်အုပ်စုက အကျအဆုံးများနိုင် (ရုပ်/သံ)
မြိုင်၊ ဧပြီ၂၉၊ ၂၀၂၂။
မြိုင်မြို့နယ်အတွင်းက သရက်ကန်ကျေးရွာမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်စခန်းကို ဒီနေ့ မနက် ၅ နာရီဝန်းကျင်လောက်မှာ PDF အဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အင်အား ၁၀၀ ဝန်းကျင်ရှိတဲ့ စခန်းကို PDF ၈ ဖွဲ့ကျော်နဲ့ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့လို့ ၇၀ ကျော် ထိခိုက်ဒဏ်ရာရရှိပြီး အသေအပျောက် များနိုင်တယ်လို့ ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့ တာဝန်ခံက ပြောပါတယ်။
" ၁၂၀ မမ ၈၀ မမ ၆၀ မမ ၃ မျိုးနဲ့ တရစပ်ပစ်တယ်၊အဲဒီအချိန်မှာ နာရီ ဝက်လောက်ကြာအောင်ပစ်လိုက်တယ်၊သူတို့ဖယိုဖရဲဖြစ်တဲ့အချိန်မှာ ကျနော်တို့အသင့်စောင့်ဆိုင်းနေတဲ့ တပ်ဖွဲ့ဝင်တွေက ဝင်ရောက်ပစ်ခတ်ခဲ့တာပါ၊အဲဒီစခန်းမှာအထိုင်ချနေတာက စစ်ခွေး ၁၀၀ လောက်ရှိမယ် ပျူမပါဘူး၊" လို့ ပြောပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေ အနေနဲ့ စစ်ကောင်စီဘက်က ၅၀ နီးပါးသေဆုံးတယ်လို့ ပြောသလို ဒေသခံတွေကတော့ ၇၂ ဦးနီးပါးလို့ ပြောပေမယ့်လည်းအတိအကျကိုတော့ မပြောနိုင်သေးဘူးလို့ ကျားသစ်နက် ပြောက်ကျားတပ်ဖွဲ့တာဝန်ခံက ပြောပါတယ်။
စခန်းသိမ်းတိုက်ပွဲဖြစ်ပေမယ့်လည်း စစ်ကြောင်း ၃ ခုညှပ်ပြီး တပ်ကူရောက်လာခဲ့တာကြောင့် ကျားသစ်နက်အဖွဲ့က ရဲဘော် ၁ ယောက်နဲ့ မဟာမိတ်အဖွဲ့က ရဲဘော် ၁ ယောက် ကျဆုံးခဲ့လို့ တပ်ပြန်ဆုပ်လာခဲ့တယ်လို့ ပြောပါတယ်။
" စခန်းသိမ်းလိုက်နိုင်တယ်ဆိုပေမယ့် ကျနော်တို့က အကြာကြီးသိမ်းထားတာမဟုတ်ဘူးလေ၊ သူတို့က စစ်မျက်မှာ ၃ ကြောင်းကနေပြီးတော့ လာပြီးတိုက်တော့ ကျနော်တို့ ပြန်ဆုပ်ခဲ့ရတာ လက်နက်တွေက မရခဲ့ဘူး ကျနော်တို့ ရဲဘော် ၂ ယောက်ကျပြီးတာနဲ့ တခါတည်း ပြန်ဆုပ်ခဲ့တာ" လို့ ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့ တာဝန်ခံက ပြောပါတယ်။
အရင်က တော်လှန်တပ်ဖွဲ့တွေအနေနဲ့ စစ်ကောင်စီရဲ့ ထိုးစစ်ကို ခုခံကာကွယ် တိုက်ခိုက်ခဲ့ရာကနေ နောက်ပိုင်းမှာ ထိုးစစ်ဆင်ပြီး စခန်းသိမ်းတိုက်ပွဲတွေ လုပ်လာနိုင်တာဖြစ်လို့ ပြည်သူတွေ ပူးပေါင်းကူညီကြဖို့ တောင်းဆိုထားပါတယ်။
" စခန်းသိမ်းတိုက်ပွဲတွေ ရှေ့လျှောက်ပြီးဆင်နွဲရလိမ့်မယ်၊စခန်းသိမ်းတိုက်ပွဲတွေဆင်နွဲပြီဆိုတာနဲ့ စခန်းကိုပိုင်ပိုင်နိုင်နိုင်စီးနိုင်အောင် တဖက်က တပ်ကူလာမယ်အင်အားတွေထိန်းချုပ်နိုင်ရမယ်၊ပြီးတော့ ဝေဟင်ကိုလည်းထိန်းချုပ်နိုင်ရမယ်၊ အဲဒီအတွက် ကျနော်တို့လက်နက်အင်အားတွေ များများလိုအပ်ပါတယ်" လို့ ပြောပါတယ်။
စစ်ကောင်စီအထိုင်ချသောတပ်စခန်းကို ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့အပြင် တွေ့ရာသင်္ချိုင်းဓါးမဆိုင်းတပ်ဖွဲ့၊Future Generation ပြောက်ကျားတပ်ဖွဲ့၊ Myaing warriors , Myaing Garuda, ဝံပုလွေပြောက်ကျားတပ်ဖွဲ့၊ West Plain ပြောက်ကျားတပ်ဖွဲ့၊ Myaing People Defense Force ၊ PRA ခွဲ (၁၂) တို့အပြင် ဒေသခံကာကွယ်ရေးအဖွဲ့များလည်း ပါဝင်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
မြေလတ်အသံ - Myaelatt Athan
No comments:
Post a Comment