ပခုက္ကူ၊ ဧပြီ၁၉၊ ၂၀၂၂။
မကွေးတိုင်း ပခုက္ကူမြို့ စက်မှုဇုံအနီးမှာ အသံဗုံးပေါက်ကွဲသံကြားပြီး ရောက်လာတဲ့ ရဲတွေကို နောက်ချန်မိုင်းနဲ့ PRG တချက် ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ရဲ ၂ဦးသေဆုံးနိုင်ပြီး ၂ဦးဒဏ်ရာရတယ်လို့ Young Force UG တာဝန်ခံဆီက သိရပါတယ်။
ဒီနေ့ မနက် ၁၀နာရီခွဲလောက်က မှန်ချမမောင်းတဲ့ ကားတွေကို သတိပေးတဲ့ အနေနဲ့ အသံမိုင်းခွဲပြီး သတိပေးခဲ့ချိန်မှာ စစ်ဆေးဖို့ရောက်လာတဲ့ ရဲတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ Young Force UG တာဝန်ခံက ပြောပါတယ်။
" မှန်ချမောင်းဖို့လိုက်နာမှုမရှိတဲ့ကားတွေကို အသံမိုင်းနဲ့သတိပေးခဲ့တာ၊အသံကြားတော့ ရဲခွေးတွေရောက်လာတယ်၊ကျနော်တို့က နောက်ခြန်မိုင်း RPG ၁ လုံးနဲ့ သူတို့ရောက်လာတဲ့အချိန်မှာ တိုက်ခိုက်လိုက်တာ၊ကျနော်တို့အတွင်းကသိရသလောက်က ၂ ကောင်ကျတယ်၊၂ ကောင်ဒဏ်ရာရတယ်" လို့ ပြောပါတယ်။
ပြည်သူလူထုအနေနဲ့ ဒေသကာကွယ်ရေးတပ်တွေရဲ့ ထုတ်ပြန်ချက်ကို လိုက်နာကြဖို့နဲ့ အိမ်စီးကားတွေ မဖြစ်မနေ မှန်ချမောင်းပေးဖို့ သတိပေးစာတွေ ထုတ်ပြန်ထားပြီးဖြစ်လို့ လိုက်နာကြဖို့ထပ်ပြီး တောင်းဆိုထားပါတယ်။
ဒီနေ့ ဖောက်ခွဲမှုကို မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊RSO (PKU)၊ Pakokku Ranger Young force(UG) နဲ့ အတူ Young Force UG တို့က ပူးပေါင်း လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
မြေလတ်အသံ - Myaelatt Athan
No comments:
Post a Comment