မန္တလေး မီးရထားလမ်းပိုင်း(၂)ခု ယာယီ အသုံးမပြုကြဖို့ မန္တလေးမြို့ပြပြောက်ကျားတပ်တွေ သတိပေး

ဓာတ်ပုံ- CJ 

ဧပြီ - ၇ 

စစ်အုပ်စုရဲ့ ထောက်ပို့ရထားတွေကို တားဆီးနိုင်ဖို့အတွက် မန္တလေးမြို့ကထွက်တဲ့ မီးရထားလမ်းပိုင်း (၂)ခုကို ယာယီ အသုံးမပြုကြဖို့ မန္တလေးမြို့ပြပျောက်ကြားအဖွဲ့တွေက ဒီနေ့ထုတ်ပြန်ပါတယ်။ 

ဧပြီလ (၉)ရက်နဲ့ (၁၀)ရက်တို့မှာ မန္တလေး - မြစ်ငယ် ရထားလမ်းပိုင်းနဲ့ မန္တလေးမြို့ပတ်လမ်း ရထားလမ်းပိုင်းကို ပိတ်ထားမှာဖြစ်တယ်လို့ ဆိုပါတယ်။ 

ဒါကြောင့် ပြည်သူတွေအနေနဲ့ ရထားလမ်းပေါ် တက်နေတာ၊ ရထားလာတဲ့အချိန် အဝေးကို ရှောင်နေတာမျိုး ပြုလုပ်ပေးကြဖို့ တော်လှန်ရေးမဟာမိတ်အဖွဲ့တွေက တောင်းဆိုထားပါတယ်။ 

" ပြည်သူများက ရဲဘော်များနှင့်အတူ ပူးပေါင်း ပါဝင်ကူညီပေးကြပါ " လို့ Ranger of Mandalay (ROM)က ဗိုလ်ဖီးနစ်က မေတ္တာရပ်ခံထားပါတယ်။ 

မန္တလေးမြို့ပြပျောက်ကြားအဖွဲ့တွေဟာ မနေ့က ညနေပိုင်းမှာလည်း စစ်အုပ်စုက ကင်းအထပ်ထပ်ချထားတဲ့ မန္တလေးမြို့လယ် ဘူတာကြီးအတွင်းက ထောက်ပို့ရထားတစ်စီးကို ဗုံးထုတိုက်ခိုက်ခဲ့ပါသေးတယ်။ 

ပြီးခဲ့တဲ့လပိုင်းတွေမှာလည်း မန္တ‌လေးမြို့ဝန်းကျင်က ရန်ကုန်-မန္တလေးရထားလမ်းပိုင်းနဲ့ မန္တလေး-ပြင်ဦးလွင်ရထားလမ်းပိုင်းတွေမှာ ရထားလမ်းနဲ့ ထောက်ပို့ရထားတွေကို ဒေသကာကွယ်ရေးအဖွဲ့တွေက ဖောက်ခွဲတိုက်ခိုက်ခဲ့ကြပါတယ်။ 


Mandalay Free Press - MFP

မန္တလေး မီးရထားလမ်းပိုင်း(၂)ခု ယာယီ အသုံးမပြုကြဖို့ မန္တလေးမြို့ပြပြောက်ကျားတပ်တွေ သတိပေး မန္တလေး မီးရထားလမ်းပိုင်း(၂)ခု ယာယီ အသုံးမပြုကြဖို့ မန္တလေးမြို့ပြပြောက်ကျားတပ်တွေ သတိပေး  Reviewed by THITHTOOLWIN on 19:06 Rating: 5

No comments:

Powered by Blogger.