ပုသိမ်ကြီးမြို့နယ်က အုပ်ကြီးဟောင်း၊ ပြည်ခိုင်ဖြိုးပါတီ ပြန်ကြားရေးတာဝန်ခံ ရေချိုးနေစဉ် သေနတ်ပစ်ခံရပြီး သေ
ဓာတ်ပုံ၊ ပေးပို့ |
ဧပြီ - ၅
မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ကောင်းမွန်ကျေးရွာက ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းလည်းဖြစ်၊ မြို့နယ်ပြည်ခိုင်ဖြိုးပါတီ သတင်းပြန်ကြားရေးတာဝန်ခံလည်းဖြစ်တဲ့ ဦးကျော်ခိုင်ဟာ ဒီမနက် ရေချိုးနေစဉ် သေနတ်ပစ်ခံရပြီး သေဆုံးခဲ့ပါတယ်။
အသက် (၅၀)အရွယ် ဦးကျော်ခိုင်ဟာ ဒီမနက် (၁၀)နာရီခွဲလောက်မှာ နေအိမ်ခြံဝန်းအတွင်း ရေချိုးနေစဥ် အမည်မသိ အမျိုးသားနှစ်ဦး ဆိုင်ကယ်နဲ့ ရောက်ရှိလာပြီးသေနတ်နဲ့ ပစ်ခတ်မယ့်အချိန် ထွက်ပြေးခဲ့ပေမယ့် အိမ်နံဘေးလမ်းကြားအရောက် ပစ်ခတ်ခံရပြီး ယာဘက်မျက်ခုံးနဲ့ ဝဲဘက်နို့အုံအောက်တို့မှာ ကျည်ဒဏ်ရာတစ်ချက်စီနဲ့ ပွဲချင်းပြီးသေဆုံးခဲ့တာ ဖြစ်တယ်လို့ MFP ရဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
ဒါ့အပြင် သူ့ရဲ့ သားဖြစ်သူ အသက် (၂၅)နှစ်အရွယ် ကျော်မိုးခိုင်ဆိုသူဟာလည်း နဖူးမှာ ကျည်ဖောက်ဝင်ဒဏ်ရာတစ်ချက်ရရှိခဲ့ပြီး စိုးရိမ်ရတဲ့အတွက် နန်းတွင်းဆေးရုံသို့ပို့ဆောင်ကုသမှု ခံယူနေတယ်လို့ MFP သတင်းရင်းမြစ်တွေက ဆက်ပြောပါတယ်။
ဒီဖြစ်စဉ်အပေါ် ကြာနီကန်ရဲကင်းစခန်းက စုံစမ်းစစ်ဆေးနေတယ်လို့လည်း စစ်ကောင်စီရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
Mandalay Free Press - MFP
No comments:
Post a Comment