ပေါက်၊ ဧပြီ ၇၊ ၂၀၂၂။
မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ မနေ့က အလူမီနီယံတွေတင်လာတဲ့ တွဲကား ၃ စီးနဲ့အတူ ဗိုလ်တဦးအပါ တပ်သား ၇ ဦးကို မနေ့ကညနေပိုင်း ဒေသခံပြည်သူကာကွယ်ရေး မဟာမိတ်တပ်ဖွဲ့တွေ ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။
အဲ့ဒီတွဲကားနဲ့အတူ ပျောက်ဆုံးသွားတဲ့ စစ်ကောင်စီဘက်က ၇ ဦးကို မနေ့ကညနေပိုင်းကစလို့ ဒီနေ့အထိ ပတ်ရှာနေသလို ရဟတ်ယာဥ်တွေနဲ့ပါ ပစ်ခတ်မှုတွေလုပ်နေပြီး ဖမ်းမိထားတဲ့ ဗိုလ်ကြီးအပါ ၇ ဦးလည်း ကျဆုံးသွားပြီလို့ သိရပါတယ်။
"ဆာဂျင်ပါတယ်။ ၃ပွင့်ပါတယ်။ ကျန်တဲ့ဟာ တပ်သားပေါ့ စုစုပေါင်း ၇ ယောက်၊ ဒီနေ့ သူတို့တွေ ထိုးစစ်ဆင်လာလို့ စခန်းတွေ ဆုတ်ပေးလိုက်ရတယ်ဗျ။ လေယာဥ် ၃ စီးလောက်ပါတယ်။" လို့ မြစ်ချေ PDF (MC-KC DF )က ဗိုလ် G 3 က ပြောပါတယ်။
သရက်မြို့ အခြေစိုက် ကပစ-၁၂ ကနေ ပေါက်မြို့နယ် ကပစ-၂၄ တပ်ကို အစောင့်လုံခြုံရေးတွေနဲ့အတူ လက်နက်ထုတ်လုပ်တဲ့ ကုန်ကြမ်းအလူမီနီယံတွေကို အရပ်သားကားတွေနဲ့ တင်ဆောင်လာတာဖြစ်ပြီး MA 3 ၇ လက်နဲ့ တွဲကား ၃ စီး ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
ဒီကနေ့ နေ့လည် ၁၂ နာရီဝန်းကျင်မှာ ပေါက်မြို့နယ် အပါအဝင် မြို့နယ် ၃ ခုဆုံတဲ့ နေရာတွေမှာ စစ်ကောင်စီက တိုက်ခိုက်ရေးသုံး ရဟတ်ယာဥ် အသုံးပြုပြီး၊ နယ်မြေရှင်းလင်းရေး လုပ်နေသလို ရွာတရွာကိုလည်း မီးရှို့ထားတယ်လို့ သိရပါတယ်။
မြေလတ်အသံ - Myaelatt Athan
No comments:
Post a Comment