Photo - Thanlyin Channel |
(ဧပြီ ၅)
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်၊ မြို့ဟောင်းအရှေ့ရပ်ကွက် အုပ်ချုပ်ရေးမှုး ရဲထွဋ်အား သန်လျင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) မှ ယနေ့ နံနက် ၇ နာရီ ၃၉ မိနစ် အချိန်တွင် သေနတ် ၃ ချက်ပစ်ခတ်၍ သုတ်သင်ရှင်းလင်းလိုက်ကြောင်း သိရပါသည်။
မြို့ဟောင်းအရှေ့ အုပ်ကြီး ရဲထွဋ် သည် ဒေသခံ လူထု၏ တိုင်ကြားချက်များစွာကြောင့် သန်လျင် ပကဖ မှ ၎င်း၏ ပြစ်မှုများအား စုံစမ်းစစ်ဆေးခဲ့ပါကြောင်း၊ ၎င်းသည် ပြည်သူလူထုအား စကစနှင့် ပေါင်း၍ အာဏာသုံးကာ များစွာနှိပ်စကလူပြုနေကြောင်း သက်သေများစွာဖြင့် ထင်ရှားစွာ တွေ့ရှိခဲ့ရပါကြောင်း၊
သန်လျင် ပကဖ မှ ၎င်းအားပြည်သူ့ပြစ်ဒဏ်ပေးရန် အမိန့်ကျထားသည်မှာ ကြာပြီဖြစ်သော်လည်း မစ်ရှင် အခက်ခဲအမျိုးမျိုးကြောင့် ၎င်းသည် ယနေ့အထိ အသက်ရှင်နေခဲ့ရခြင်းဖြစ်ကြောင်း၊ သန်လျင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေဖြင့် အကြမ်းဖက်စစ်ကောင်စီ၏ စစ်ရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေးများအား ဆက်လက်ဖြိုဖျက်သွားမည်ဖြစ်ပါကြောင်း ပြည်သူ့အားထိပါးလာလျှင် သေမိန့်သတ်မှတ်ပေးပြီးဖြစ်သည်ကြောင့် နေ့စဥ်နေတိုင်း
ဘယ်နေရာ ဘယ်အချိန် လာရောက်သတ်ဖြတ်ခံရမည်ကို ကြောက်ရွံ့ခံစားနေကြရမည်ဖြစ်ကြောင်း သတိပြင်းထန်စွာပေးလိုက်ကြောင်းကို လည်း သန်လျင်ပြည်သူကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးမှ ပြောကြားခဲ့ကြောင်း ဒေသသတင်းရင်းမြစ်ထံမှ သိရပါသည်။
`စကစဒေါက်တိုင်မှန်သမျှ နေ့စဥ်ကြောက်ရွှံ့နေစေရမည်၊ ပြည်သူ့အရေးတော်ပုံ မုချအောင်ရမည်´ ဟု သန်လျင်ပကဖမှ ထုတ်ပြန်ထားပါသည်။
Khayan Media
No comments:
Post a Comment