ပခုက္ကူ၊ ဧပြီ ၇၊ ၂၀၂၂။
မကွေးတိုင်း၊ ပခုက္ကူ၊ ဆိတ်ဖြူ နဲ့ ပေါက်မြို့နယ် တို့ဆုံတဲ့နေရာတွေမှာ ဧပြီ ၇ ရက် ဒီနေ့နေ့လည် ၁၂ နာရီလောက်ကစပြီး စစ်ကောင်စီက ရဟက်ယာဥ်သုံး တိုက်ခိုက်နေပြီး၊ လက်နက်ကြီးတွေနဲ့လည်း ပစ်နေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
“ ပေါက်ရယ်၊ ပခုက္ကူရယ်၊ ဆိတ်ဖြူရယ် မြို့နယ်သုံးခု ဆုံတဲ့နေရာမှာ အခုရဟက်ယာဥ်နဲ့ Mi 35 တွေနဲ့ ပစ်တယ်၊ လက်နက်ကြီးတွေနဲ့လည်း တရစက်ပစ်နေတယ်၊ လက်ရှိအခြေအနေကတော့ ဒေသခံတွေကတော့ ထွက်ပြေးနေရတယ်၊ ခုချိန်ထိ လေယာဥ်တွေတောက်လျောက်ဝဲနေတယ်၊ခုလည်း နောက်တစီးထပ်လာနေတယ်၊ “ လို့ ဒေသခံတဦးကပြောပါတယ်။
ခုလိုပစ်ခတ်တာဟာ တိုက်ပွဲဖြစ်တာမဟုတ်ပဲ နယ်မြေရှင်းလင်းရေးသဘောမျိုးနဲ့ ခုလိုပစ်ခတ်တိုက်ခိုက်နေတာလို့ ယူဆရကြောင်းကိုလည်း ဒေသခံတွေကဆိုပါတယ်။
ဒါ့အပြင် ပေါက်မြို့နယ်၊ ရေကျော်ရွာကိုလည်း မြေပြင်ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်တွေက ရွာလုံးကျွတ်မီးရှို့ဖြစ်ဆီးခဲ့တယ်လို့ သိရပြီး၊ ဒီဖြစ်စဥ်နဲ့ ပက်သက်တဲ့ နောက်ဆက်တွဲအခြေအနေတွေကိုတော့ မြေလတ်အသံက ဆက်လက်စုံစမ်းနေဆဲပါ။
မြေလတ်အသံ - Myaelatt Athan
No comments:
Post a Comment