ပုလဲ၊ ဧပြီ ၇
စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနရုံးတွင် မိုင်းကွဲမှုဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီဖက်မှ လက်ပါးစေ နှစ်ဉီး သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
" ထွေအုပ်ရုံးထဲဖြစ်တာ။ ဒီနေ့ နေ့လည် မိုင်းတွေနေရာရွှေ့ဖို့ ကားပေါ်တင်တဲ့အချိန်ကွဲတာ အရာရှိတစ်ဉီးနဲ့ အခြား တစ်ယောက်သေတယ်။ ခြေထောက်နှစ်ဖက်ပြတ်တာ တစ်ယောက်။ နောက်ထပ်ထိတာတွေလည်းရှိတယ် " ဟု ပုလဲမြို့နယ် ဒေသခံတစ်ဦးက လူငယ့်ခေတ်သို့ပြောသည်။
အဆိုပါမိုင်းများသည် ဒေသခံတော်လှန်ရေးတပ်ဖွဲ့များ ထောင်ထားသည်မိုင်းဖြစ်ပြီး မပေါက်ကွဲခင် သိမ်းယူခံခဲ့ရသည့် မိုင်းများဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါ မိုင်းများကို အကြမ်းဖက်စစ်ကောင်စီက နေရာရွှေ့ရန် ကားပေါ်တင်နေချိန် ပေါက်ကွဲခြင်းဖြစ်ပြီး ခေါင်း ခန်းတွင် ထိုင်နေသည့် စစ်ကောင်စီလက်ပါးစေအရာရှိတစ်ဦး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရပြီး အသေးစိတ်သတင်း အချက်အလက်များကို လူငယ့်ခေတ်မှ စုံစမ်းဆဲဖြစ်သည်။
Lu Nge Khit
No comments:
Post a Comment