ဘုတလင်မြို့နယ် ကူတော်ရွာရဲစခန်း စခန်းသိမ်းတိုက်ပွဲကနေ သိမ်းပိုက်ရရှိတဲ့ လက်နက်ခဲယမ်းတချို့ကို တွေ့ရစဉ်/Photo – CJ |
ဧပြီ - ၉
စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ် ကူတော်ရဲစခန်းကို ဧပြီ(ဧပြီ၈)ရက် ညပိုင်းက စခန်းသိမ်း တိုက်ခိုက်ခဲ့ရာမှာ စကစ အလောင်း သုံးလောင်းနှင့် အတူ မောင်းပြန်ရိုင်ဖယ် သုံးလက်၊ အခြားသော လက်နက်ခဲယမ်းတချို့ သိမ်းပိုက်ရရှိခဲ့တယ်လို့ ဂဠုန်တပ်တော် က သတင်းထုတ်ပြန်ပါတယ်။
"စခန်းသိမ်းတိုက်ပွဲ ဖြစ်ပွားခဲ့သော ဘုတလင်မြို့နယ် ၊ကူတော် ရဲစခန်းမှ စကစ လက်ပါးစေ အချို့နှင့် (သတင်းအရ) ဂဠုန်တပ်တော် တပ်ရင်း (၁)၏ တပ်စုတစ်စုမှာ ယနေ့ (1:15) pmခန့်၌ မိနစ် (၃၀) ကြာထိတွေ့မှုဖြစ်ပွားခဲ့ပြီး ( ၃ ) လောင်း အသေနှင့် လက်နက်အချို့ကို သိမ်းဆည်းရမိခဲ့သည်။ သိမ်းစည်းရရှိသော လက်နက်မျိုးစားများမှာ G3 မောင်းပြန် ရိုင်ဖယ် (၄)လက် ၊ (7•62) ကျည် အမျိုးအစား (၅၄) တောင့် ၊ ကျည်ကာ အက်ျီ တစ်ထည် ၊ လက်ပစ် ဗုံး တစ်လုံး၊ လွယ်အိတ် တစ်လုံး ကျည်ဖောက် (6)ခု ၊ တို့ဖြစ်သည်"လို့ ဂဠုန်တပ်တော် က ထုတ်ပြန်ပါတယ်။
သိမ်ဆည်းရရှိတဲ့ လက်နက်တွေကို တရားသောစစ်မှာ ဆက်လက် အသုံးပြုမယ်လို့လည်း ဂဠုန်တပ်တော်က ဖော်ပြပါတယ်။
စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ် ကူတော်ရွာရဲစခန်းကို မနေ့က ဧပြီ (၈)ရက် ညပိုင်းမှာ ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက စီးနင်းဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှု ရှိခဲ့ပါတယ်။ ည(၁၂)နာရီကျော်မှာတော့ စစ်အုပ်စုက ရဟတ်ယာဉ် အသုံးပြုကာ တုန့်ပြန်ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ကူတော်ရဲစခန်း စီးနင်းခံရပြီးနောက် စစ်အုပ်စုဟာ မနေ့က ညသန်းခေါင်းမှာ MI-35 ရဟတ်ယာဉ်နှင့် လာရောက်ပစ်ခတ်ခဲ့သလို လက်ရှိမှာလည်း မုံရွာဘက်ကနေ အင်အားဖြည့်ပြီး ဘုတလင်နယ်ဘက် လာနေတယ်လို့ ဒေသတွင်းမီဒီယာတွေက ဖော်ပြပါတယ်။
လက်ရှိမှာ စစ်အုပ်စု ရန်ပြု ရမ်းကားမှာ စိုးရိမ်လို့ ဒေသခံတချို့ ထွက်ပြေးနေရပြီး စစ်အုပ်စုဘက်ကတော့ ဘုတလင်မြို့ ပေါ်က လမ်းတချို့ပိတ်ကာ အစစ်အဆေးတင်ကြပ် နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ(၁၁)ရက် ညပိုင်းကလည်း ဘုတလင်နယ်၊ ကူတော်ရဲစခန်းကို ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက စီးနင်းဝင်ရောက် တိုက်ခိုက်ခဲ့ပါသေးတယ်။ အဲ့ဒီတုန်းက တိုက်ခိုက်မှုမှာလည်း စစ်အုပ်စုဘက်က တပ်ခွဲမှူးအပါအဝင် စကစ အများအပြား သေတယ်လို့ ဘုတလင် PDF က ထုတ်ပြန်ခဲ့ပါတယ်။
ဘုတလင်နယ် ကူတော်ရဲစခန်းအတွင်း စစ်အုပ်စုဘက်က တပ်ခွဲမှူးအဆင့် ဦးစီးတဲ့ စကစ အင်အား (၃၀)လောက် အထိုင်ချနေလေ့ရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဇန်နဝါရီလအတွင်းက ကူတော်ရဲစခန်း တိုက်ခိုက်ခံရပြီးချိန်မှာတော့ စစ်အုပ်စုက ကူတော်ရွာအပါအဝင် အနီးအနားက ရွာတွေကို အာကမ်းဖက်စီးနင်းကာ ဝင်ရောက်မွှေနှောက် သောင်းကျန်းခဲ့ပြီး နေအိမ်တချို့ကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
Mandalay Free Press - MFP
No comments:
Post a Comment