မန္တလေးတိုင်း၊ မြင်းခြံမြို့ အမှတ်(၁)ရဲစခန်း ဗုံးဖြင့်တိုက်ခိုက်ခံရပြီး ကင်းစောင့်ရဲနှစ်ဦး ထိခိုက်နိုင်ကြောင်း MG 6 ပြောက်ကျားတပ်(မြင်းခြံ)က သတင်းထုတ်ပြန် သည်။
ယနေ့(ဧပြီ ၂၀ရက်) ည ၇နာရီခွဲအချိန်က မြင်းခြံမြို့ အမှတ်(၁) ရဲစခန်းအား MG 6 ပြောက်ကျားတပ်(မြင်းခြံ)၊ နှလုံးလှလူမိုက်ကြီးများအဖွဲ့(မြင်းခြံ)နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် မြင်းခြံခရိုင် အမှတ် (၅) တပ်ရင်းတို့က လက်ပစ်ဗုံးတစ်လုံး ပစ်ခတ်ခဲ့ကြောင်း၊ ရဲစခန်းရှေ့ရှိ အကြမ်းဖက်စစ်ကောင်စီ၏ ရဲသားနှစ်ဦး ထိမှန်ခဲ့ပြီး သေဆုံးထိခိုက်မှုအခြေအနေ အတိအကျမသိရသေးကြောင်း MG 6 ပြောက်ကျားတပ်(မြင်းခြံ)က ထုတ်ပြန်သည်။
အဆိုပါ ထုတ်ပြန်ချက်နှင့်ပတ်သက်၍ MG 6 ပြောက်ကျားတပ်(မြင်းခြံ)အဖွဲ့ထံ ဆက်သွယ်မေးမြန်းထားသော်လည်း ပြန်လည်ဖြေကြားခြင်းမရှိသေးပါ။
အကြမ်းဖက်စစ်ကောင်စီသည် မြင်းခြံမြို့အား အင်တာနက်ဖြတ်တောက်ထားပြီး မြင်းခြံနယ်အတွင်းရှိပြည်သူများအား အဓမ္မဖမ်းဆီးစစ်ဆေးခြင်း၊ ပစ်ခတ်သတ်ဖြတ်ခြင်းများလည်း ဆက်လက်ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။
ယမန်နေ့က မြင်းခြံခရိုင်ဆေးရုံကြီး၌ တပ်စွဲနေသည့် အကြမ်းဖက်စစ်ကောင်စီတပ်မှ စစ်သားတစ်ဦး ထွက်ပြေးမှုလည်း ဖြစ်ပွားခဲ့ကြောင်း မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက သတင်းထုတ်ပြန်ထားသည်။
People's Spring
No comments:
Post a Comment