ရွှေဘို၊ ဧပြီ ၂၅၊ ၂၀၂၂။
ရွှေဘိုမြို့နယ်အတွင်းကဆန္ဒပြပွဲတွေကို သတင်းပေးတိုင်ကြားတာတွေလုပ်နေတဲ့ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတဦး ဧပြီ ၂၄ ရက် မနေ့က ညနေ ၃ နာရီလောက်မှာ သေနတ်နဲ့ပစ်ခံရပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ရေတော်မူရွာအုပ်ချုပ်ရေးမှူး အသက် ၅၃ နှစ်အရွယ် ဦးဌေးဆောင်ဖြစ်ပြီး၊ ကျေးရွာတွင်း ဆန္ဒပြပွဲတွေမှာ ဦ:ဆောင်သူတွေနဲ့ တက်ကြွလှုပ်ရှားသူတွေကို သတင်းပေးတိုင်ကြားတာတွေ လုပ်တာကြောင့် သူရဲ့နေအိမ်မှာပဲ သေနတ်နဲပစ်ပြီးရှင်းလင်းခဲ့တာလို့ Burmese Farmers Defense Force (BFDF) တာဝန်ခံက ပြောပါတယ်။
“ သူ့ရဲ့နေအိမ်မှာရှင်းခဲ့တာ၊ သူမသေခင်ကဆိုရင် ကျနော်တို့ကျေးရွာပေါင်း စုပေါင်းသပိတ်လုပ်ကြတယ်၊ ရွာပေါင်းစုံပေါင်းပြီးတော့ ပင်မသပိတ်စစ်ကြောင်းဆိုပြီးထွက်ကြတာ၊ ရွာတွေက စတောင်းဖြစ်တဲ့လူတွေကို သူကလိုက်ကြည့်ပြီး စစ်ကောင်စီကိုသတင်းပေးလုပ်တယ်၊ သူ့ရဲ့သတင်းပေးမှုကြောင့်ပြည်သူတွေ ထိခိုက်နစ်နာတာတွေရှိတယ်ပေါ့၊ ဖမ်းဆီးခံရတာတွေနှိပ်စက်ခံရတာတွေရှိတယ်၊ အဲဒါကြောင့်မလို့ ပစ်သတ်ရှင်းလင်းခဲ့တာ၊ “ လို့ သူကပြောပါတယ်။
BFDF အနေနဲ့ ပြီးခဲ့တဲ့ မတ်လ ၄ ရက်ကလည်း မဟာမိတ်အဖွဲ့တွေနဲ့ ပူးပေါင်းပြီး ရွှေဘိုမြို့နယ်၊ ပလိုင်းကျေးရွာကထွက်လာတဲ့ စစ်ကောင်စီတပ်တွေကို ရွှေဘိုမြို့နယ် နဲ့ ဒီပဲယင်းမြို့နယ်ကြားရှိ မူးမြစ်ဝှမ်းမှာ တိုက်ခိုက်ခဲ့တယ်လို့လည်း သိရပါတယ်။
မြေလတ်အသံ - Myaelatt Athan
No comments:
Post a Comment