မတ္တရာ၌ နေအိမ်မီးရှို့ပြီး ပြန်လာသည့် စစ်အုပ်စုကို မိုင်း‌ဆွဲတိုက်ခိုက်ရာ (၂၀)ဦးသေ

စစ်အုပ်စုက မီးရှို့ဖျက်ဆီးခဲ့တဲ့ မတ္တရာ သဖန်းကိုင်းရွာက နေအိမ်များ/ ဓာတ်ပုံ - မတ္တရာ ပကဖ 

ဧပြီ - ၁၉ 

မန္တလေးတိုင်း မတ္တရာမြို့နယ် သဖန်းကိုင်းကျေးရွာမှာရှိတဲ့ နေအိမ်တွေကို မီးရှို့ပြီးပြန်လာတဲ့ စစ်အုပ်စုကို ဒေသကာကွယ်ရေး ပူးပေါင်းအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့အတွက် (၂၀)ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ 

ဒီမနက် (၃)နာရီလောက်မှာ အင်ကြင်းမြိုင်က အင်အား (၅၀)ပါ စစ်အုပ်စုဟာ မတ္တရာအရှေ့ပိုင်းက သဖန်းကိုင်းကျေးရွာကို ဝင်ရောက်ပြီး နေအိမ် (၇)လုံးကို အကြောင်းမဲ့ မီးရှို့ခဲ့တဲ့အပြင် ရွာသားတစ်ယောက်ကိုပါ ဖမ်းဆီးသွားတယ်လို့ မတ္တရာ ပ.က.ဖ က သတင်းထုတ်ပြန်ပါတယ်။ 

အဲဒီစစ်အုပ်စုဟာ မီးရှို့ပြီး ပြန်လာချိန် မြောင်းသစ်ကျေးရွာ ကင်မွန်းချုံကွေ့မှာ မဟာမိတ်ညီနောင်တွေ ပူးပေါင်းပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့အတွက် စစ်အုပ်စုဝင် (၂၀)ဦး သေဆုံးခဲ့တယ်လို့ မတ္တရာ PDF က ထုတ်ပြန်ထားပါတယ်။ 

မတ္တရာနယ်ထဲမှာ စစ်အုပ်စုက ဒေသခံတွေကို ဖမ်းဆီးနှိပ်စက် သတ်ဖြတ်တာတွေ လုပ်ဆောင် နေသလို ဒေသကာကွယ်ရေးအဖွဲ့တွေကလည်း ခုခံတွန်းလှန်တာတွေ တန်ပြန်တိုက်ခိုက်တာတွေ ပြုလုပ်နေပါတယ်။ 


Mandalay Free Press - MFP

မတ္တရာ၌ နေအိမ်မီးရှို့ပြီး ပြန်လာသည့် စစ်အုပ်စုကို မိုင်း‌ဆွဲတိုက်ခိုက်ရာ (၂၀)ဦးသေ မတ္တရာ၌ နေအိမ်မီးရှို့ပြီး ပြန်လာသည့် စစ်အုပ်စုကို မိုင်း‌ဆွဲတိုက်ခိုက်ရာ (၂၀)ဦးသေ Reviewed by THITHTOOLWIN on 22:39 Rating: 5

No comments:

Powered by Blogger.